ဝါရင့်သရုပ်ဆောင် မင်းသမီးကြီးဖြစ်တဲ့ ဝါဝါဝင်းရွှေကတော့ ယနေ့တိုင်အောင် ပရိသတ်တွေရဲ့ နှလုံးသားမှာနေရာယူထားဆဲ ဖြစ်ပါတယ်။ အသက်အရွယ်တွေဘယ်လောက်ပဲကြီးကြီး အနုပညာအပေါ်မှာ ချစ်မြတ်နိုးစိတ်အပြည့်ရှိတဲ့ ဝါဝါဝင်းရွှေက အခုချိန်အထိ အနုပညာလှုပ်ရှားမှုတွေကို တတ်နိုင်သလောက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ အခုဆိုရင် ဝါဝါဝင်းရွှေက မြေးမလေးနှစ်ယောက်ကိုလည်း အနုပညာအမွေတွေ လက်ဆင့်ကမ်းပေးနေတာဖြစ်ပါတယ်။

Photo Credit-Wa Wa Win Shwe's FB
Photo Credit-Wa Wa Win Shwe's FB
Photo Credit-Wa Wa Win Shwe's FB

ဝါဝါ၀င်းရွှေက သူမရဲ့မြေးမချောချောလေးတွေကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ငယ်ရွယ်ချောမောပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ဝါဝါ၀င်းရွှေရဲ့မြေးမလေးတွေက ပရိသတ်ကြားမှာ အရမ်းကိုရေပန်းစားအောင်မြင်နေပြီလည်း ဖြစ်ပါတယ်။ အခုလည်း ဝါဝါ၀င်းရွှေက မြေးမအငယ်လေးဖြစ်တဲ့ ဝင်းဝါပန်းမြတ်သူရဲ့ အသက် (၁၆) နှစ်ပြည့်မွေးနေ့မှာ အမှတ်တရဆုမွန်ကောင်းလေး တောင်းပေးထားပါတယ်။

Photo Credit-Wa Wa Win Shwe's FB
Photo By Myanmarload
Photo Credit-Wa Wa Win Shwe's FB
Photo Credit-Wa Wa Win Shwe's FB

ဝါဝါ၀င်းရွှေက " HAPPY SWEET 16 BIRTHDAY PINKY ချစ်မြေးလေး ။ ဝင်းဝါပန်းမြတ်သူ (ပန်းသွေး ) ဒီနေ့ကျရောက်တဲ့ ဖွားဖွားချစ်ရတဲ့မြေးလေးရဲ့ မွေးနေ့မှစ ဘဝလမ်းခရီးတလျှောက် သမီးရဲ့ကောင်းမြတ်တဲ့ရည်ရွယ်ချက် ပန်းတိုင်ကိုလျှောက်လှမ်းနှိုင်ပါစေလို့ မေတ္တာပို့လိုက်ပါတယ်ချစ်မြေးလေး " ဆိုပြီး မြေးချောလေးရဲ့ပုံလေးတွေနဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းဆိုပေးလိုက်တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အနုပညာမျိုးဆက်သစ်လေးဖြစ်တဲ့ ပန်းသွေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ဦးနော်။

Photo Credit-Wa Wa Win Shwe's FB 

Photo Credit-Wa Wa Win Shwe's FB
Photo By Myanmarload
Photo Credit-Wa Wa Win Shwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။