မင်းသမီးချောလေးဖြစ်တဲ့ ခြူးလေးကိုတော့ ပရိသတ်တွေက ဇာတ်လမ်းတွဲလေးတွေနဲ့ စတင်အားပေးလာခဲ့ကြမယ် ထင်ပါတယ်။ "ထာဝရမန္တလေး၊ ပန်းနုသွေး၊ ချစ်ရပါသောနွေ၊ နွေလယ်ညရဲ့လမင်း" စတဲ့ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးခဲ့ရတဲ့ ခြူးလေးက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တော်ပြီး အရည်အချင်းရှိတဲ့ ခြူးလေးက တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာတယ်ဆိုရင်လည်း မမှားပါဘူး။

Photo Credit- Chue Chue's FB
Photo Credit- Chue Chue's FB
Photo Credit- Chue Chue's FB

အခုလက်ရှိမှာတော့ ခြူးလေးက သရုပ်ဆောင် နေတိုးနဲ့အတူ နိယာမအလွန်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို တွဲဖက်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ နေ့တိုင်းရိုက်ကူးရေးတွေနဲ့ အချိန်ပြည့်မအားမလပ်ဖြစ်နေတဲ့ ခြူးလေးတစ်ယောက် ဆေးထိုးဆေးသောက်တွေလည်း ပြုလုပ်နေရတာ ဖြစ်ပါတယ်။ အခုလည်း ခြူးလေးက တစ်ပတ်ထဲမှာ ဆေး (၂)ခါတောင်ထိုးရပြီး ဆေးတွေလည်းအများကြီးသောက်နေရကြောင်း တင်ထားပါတယ်။

Photo Credit- Chue Chue's FB
Photo Credit- Chue Chue's FB
Photo Credit- Chue Chue's FB

ခြူးလေးက ဆေးထိုးအပ်ရာလေးတွေကို ဓာတ်ပုံရိုက်ပြီး " တစ်ပတ်အတွင်း အပ် (၂) ပေါက်နဲ့ ဆေးထိုးဆေးသွင်း ဟုတ်နေရောပဲ ထွေးညိုလေးရယ် ဆေးဆိုတာ ဟောဒီလိုသောက်ရတယ် " ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ခြူးလေးရဲ့ကျန်းမာရေးအတွက် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း မင်းသမီးချောလေး ခြူးလေးအတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။

Photo Credit- Chue Chue's FB 

Photo Credit- Chue Chue's FB
Photo Credit- Chue Chue's FB
Photo Credit- Chue Chue's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။