နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တဲ့ နိုင်းဝမ်းကတော့ လာမယ့်နှစ်မှာ ချစ်သူနဲ့လက်ထပ်တော့မှာဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အားလုံးကိုအသိပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ နိုင်းဝမ်းတို့ချစ်သူနှစ်ဦးက (၁၀) နှစ်ကျော်ကြာအောင် သစ္စာမပျက်ဘဲ လက်တွဲလာခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်အတော်ကြာအောင် ချစ်ခြင်းမေတ္တာတွေခိုင်မြဲနေတဲ့ နိုင်းဝမ်းတို့စုံတွဲလေးကိုတော့ ပရိသတ်တွေက အားကျနေရတာ ဖြစ်ပါတယ်။

Photo Credit-Kyaw Zin Latt (Nine One)'s FB
Photo Credit-Kyaw Zin Latt (Nine One)'s FB
Photo Credit-Kyaw Zin Latt (Nine One)'s FB

နိုင်းဝမ်းက " အရမ်းလိမ္မာလွန်းတဲ့ ချစ်ဇနီးလောင်းလေးနဲ့ ဟော့ပေါ့အတူစားရင်း နောက်နှစ်ဝါကျွတ် မင်္ဂလာဆောင်အတွက် ရက်ရွေးနေကြပါပြီလို့ ဒါနဲ့လေ မင်္ဂလာဆောင်ဒင်နာမှာ ဗြူးတီးအင်းသည်ပေါ့က ဟော့ပေါ့ဘူဖေးမှာကျွေးပြီး အရက်နဲ့ဘီယာအဝတိုက်လို့ရလားဟင်? " ဆိုပြီး ပထမဆုံးတင်လိုက်တာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ နိုင်းဝမ်းက လာမယ့် (၂၀၂၀)ခုနှစ်၊ အမျိုးသားနေ့မှာလက်ထပ်မှာဖြစ်ကြောင်း အတိအကျကြေညာလိုက်ပါတယ်။

Photo Credit-Kyaw Zin Latt (Nine One)'s FB
Photo Credit-Kyaw Zin Latt (Nine One)'s FB
Photo Credit-Kyaw Zin Latt (Nine One)'s FB

နိုင်းဝမ်းက " မင်္ဂလာဆောင်ပြီးရင် အမျိုးသားဘက်ကပဲ ဆရာကြီးအမြဲဖြစ်နေအောင် ကိုယ့်စိတ်ကူးနဲ့ကိုယ် အခါတော်ပေးပြီး "အမျိုးသားနေ့"ရွေးထားတယ် ရက်ရာဇာလဲဖြစ်၊ နှစ်ယောက်စလုံး ၉ဂဏန်းသမားတွေလဲဖြစ်လို့ ၉ရက်နေ့လေးကလှတယ်..တစ်ခုပဲ ဗုဒ္ဓဟူးညဖြစ်နေပြန်တော့ အမျိုးသားနေ့ပါဆိုမှ Lady Night က ကတ်ကင်းကိုလာဖျက်နေတယ်ကွာ " ဆိုပြီး လူမှုကွန်ယက်မှာရေးသားခဲ့တာ ဖြစ်ပါတယ်။ ကဲ နိုင်းဝမ်းတို့စုံတွဲအတွက် ပရိသတ်တွေကလည်း ဝိုင်းဝန်းဂုဏ်ပြုပေးခဲ့ကြပါဦးနော်။

Photo Credit-Kyaw Zin Latt (Nine One)'s FB 

Photo Credit-Kyaw Zin Latt (Nine One)'s FB
Photo Credit-Kyaw Zin Latt (Nine One)'s FB
Photo Credit-Kyaw Zin Latt (Nine One)'s FB
Photo Credit-Kyaw Zin Latt (Nine One)'s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။