ဗီယက်နမ်နိုင်ငံ ဘန်ဒေါင်းမြို့တွင်ကျင်းပမည့် BTV International Football Tournament - Number One Cup 2019 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ယူ-၂၀အသင်းသည် ဒီဇင်ဘာလ ၁၂ရက် (ယနေ့) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

ဒီဇင်ဘာလ ၁၄ရက်မှ ၁၈ရက်အထိ ကျင်းပသွားမည့် BTV International Football Tournament - Number One Cup 2019 ပြိုင်ပွဲကို အိမ်ရှင် ဗီယက်နမ် ယူ-၂၀အသင်း၊ မြန်မာယူ-၂၀အသင်း၊ ကမ္ဘောဒီးယားယူ-၂၀အသင်းနှင့် ဗီယက်နမ်ကလပ် Becamex Binh Duong အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

BTV International Football Tournament - Number One Cup 2019 ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၁၄ရက်နေ့တွင် မြန်မာယူ-၂၀အသင်းသည် Becamex Binh Duongအသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်ပုံစံ အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။ ယင်းပြိုင်ပွဲ၏ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်ကို ဒီဇင်ဘာလ ၁၇ရက်နှင့် ၁၈ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပါတယ်။

source: MFF ' s facebook 

photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။