ပရိသတ်ကြီးရေ စူပါမော်ဒယ်လ်တစ်ယောက်အဖြစ် တစ်ခေတ်တစ်ခါကတည်းကနာမည်ကြီးအောင်မြင်ခဲ့တဲ့ သန္တာလှိုင်ဟာဆိုရင် ဘိုဆန်တဲ့အလှတရားတွေကိုပိုင်ဆိုင်ထားတဲ့သူပါနော်။ယနေ့အချိန်ထိလည်း လှပပျိုမျစ်နေဆဲဖြစ်ပြီး ဟိုးအရင်တုန်းကထက်တောင်ပိုလှလာပြီး ခန္ဓာကိုယ်ကလည်းအမိုက်စားဖြစ်နေတာကို ပရိသတ်ကြီးလည်းတွေ့မြင်နေရမှာပါ။

Photo Credit:Thandar Hlaing's Page
Photo Credit:Thandar Hlaing's Page
Photo Credit:Thandar Hlaing's Page

သန္တာလှိုင်က ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်ပြီး မိသားစုအပေါ်မှာလည်းနွေးထွေးတဲ့မေတ္တာတရားတွေနဲ့ ဂရုစိုက်စောင့်ရှောက်သလို အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။ကျန်းမာရေးလည်းလိုက်စားတာကြောင့် မိန်းကလေးအချင်းချင်းတောင်အားကျရမယ့်အလှတွေကိုပိုင်ဆိုင်ထားတာပါနော်။

Photo Credit:Thandar Hlaing's Page
Photo Credit:Thandar Hlaing's Page
Photo Credit:Thandar Hlaing's Page

အခုဆိုရင်တော့ သန္တာလှိုင်က"ကျွန်မရဲ့ မေမေ ဒေါ်စုစုမြင့်ကမေးနေတယ် ဘုရားတရားရော သေချာလုပ်ရဲ့လားတဲ့... သစ်သီးဆွမ်းကပ်ခိုင်းတာရော ကပ်ရဲ့လားဘာညာပေါ့... ဟုတ်ကဲ့ပါ အမေသေချာလုပ်ပါတယ်ရှင်... ပြီးတော့ အဝေးရောက် အမေစုတွေအကုန်လုံးအတွက်ပါ သေချာဆုတွေတောင်းပေးနေပါတယ်လို့"ဆိုပြီး နေရာအစုံမှာလစ်ဟင်းမှုမရှိအောင်ဘက်စုံတော်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thandar Hlaing's Page
Photo Credit:Thandar Hlaing's Page
Photo Credit:Thandar Hlaing's Page

Photo Credit:Thandar Hlaing's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။