ဒါရိုက်တာအဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ထင်ရှားအောင်မြင်နေတဲ့ လူမင်းကတော့ ပြည်သူတွေချစ်ရတဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်ပါ။ သရုပ်ဆောင်ကောင်းပီပီ အရည်အချင်းတွေအားလုံးပြည့်ဝနေတဲ့ လူမင်းကို ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါ လေးစားချစ်ခင်ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူမင်းက မိသားစုအပေါ်မှာ တာဝန်ကျေပွန်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

သားတစ်ယောက် ၊ သမီးတစ်ယောက် မွေးဖွားထားတဲ့ လူမင်းတို့မိသားစုလေးကတော့ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်ချမ်းမြေ့စရာကောင်းလှပါတယ်။ အထူးသဖြင့် လူမင်းရဲ့သားသမီးတွေဖြစ်ကြတဲ့ ဧရာဝတီလူမင်း၊ ဧဝရတ်လူမင်းတို့မောင်နှမနှစ်ယောက်က ဘာသာရေးလည်းကိုင်းရှိုင်းပြီး ပညာရေးမှာလည်း ထူးချွန်ကြတာ ဖြစ်ပါတယ်။ သူတို့မောင်နှမနှစ်ယောက်က "International School Yangon" မှာ ပညာသင်ကြားနေကြတဲ့ ကလေးတွေပဲ ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Ayarwady Lu Min's FB
Photo Credit-Ayarwady Lu Min's FB

အခုလည်း ဧရာဝတီလူမင်းတို့မောင်နှမက ကျောင်းကပွဲမှာ သူငယ်ချင်းတွေနဲ့အတူသီချင်းတွေသီဆိုပြီး အကောင်းဆုံးဖျော်ဖြေခဲ့ပါတယ်။ စင်ပေါ်မှာရပ်ပြီး သီချင်းတွေသံပြိုင်သီဆိုနေကြတဲ့ ဧရာဝတီလူမင်းနဲ့ ဧဝရတ်လူမင်းတို့ရဲ့ဗီဒီယိုဖိုင်လေးတွေကိုလည်း လူမင်းကမျှဝေပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် " ISY December Concert " မှာပါဝင်ခဲ့တဲ့ လူမင်းရဲ့သားနဲ့သမီးရဲ့ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Ayarwady Lu Min's FB  

Photo Credit-Amazing Grace
Photo Credit-Ayarwady Lu Min's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။