ပရိသတ်တွေအတွက် စိတ်ရွှင်လန်းမှုတွေနဲ့ဗဟုသုတတွေကို ပေးစွမ်းနိုင်မယ့် မြန်မာ့ရုပ်ရှင်ဟာဆိုရင် တစ်နှစ်ထက်တစ်နှစ်ပိုပြီးခေတ်မှီလာကာ စဉ်ဆက်မပြက်လည်းကြိုးစားဆောင်ရွက်နေကြတာဖြစ်ပါတယ်။လူ့လောကမှာဖြစ်ပျက်နေလေ့ရှိတဲ့ ရှု့ထောင့်ပေါင်းစုံကနေရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပရိသတ်တွေကလည်းတစ်ခဲနက်အားပေးဝန်းရံကြပါတယ်။အခုတစ်ခါမှာလည်း ပရိသတ်တွေအတွက် အသစ်အဆန်းလေးဖြစ်စေမယ့်"ရည်းစားတစ်ခုလပ်ရုပ်ရှင်ဇာတ်ကားကြီး"နဲ့ မိတ်ဆက်ပေးလိုက်ပါရစေနော်။

Photo Credit:ရည်းစားတစ်ခုလပ်များရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:ရည်းစားတစ်ခုလပ်များရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:ရည်းစားတစ်ခုလပ်များရုပ်ရှင်ဇာတ်ကားကြီး

အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒီကနေ့ကစပြီးရုံတင်ပြသနေတာဖြစ်လို့ အားပေးကြတဲ့ပရိသတ်တွေကလည်းဝက်ဝက်ကွဲပါပဲနော်။ဟာသသရုပ်ဆောင်တွေဖြစ်ကြတဲ့ ကေညီနဲ့ဆင်မတို့နှစ်ယောက်ကလည်း ရည်းစားတစ်ခုလပ်ဇာတ်ကားကြီးမှာ ပါဝင်ဝန်းရံကြတာဖြစ်ပြီး"ဒီဇာတ်ကားထဲမှာ ဘယ်လိုရည်းစားတွေကတစ်ခုလပ်ဖြစ်မလဲ အားလုံးကိုလည်းဒီဇာတ်ကားလေးကိုလာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်"ဆိုပြီး အားပေးဝန်းရံထားကြတာဖြစ်ပါတယ်။

Photo Credit:ရည်းစားတစ်ခုလပ်များရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:ရည်းစားတစ်ခုလပ်များရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:ရည်းစားတစ်ခုလပ်များရုပ်ရှင်ဇာတ်ကားကြီး

ရည်းစားတစ်ခုလပ်ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် ဝါရင့်သရုပ်ဆောင်ကြီးတွေလည်းပါဝင်ထားတာကြောင့် သူတို့ရဲ့ပီပြင်ပိုင်နိုင်လွန်းတဲ့အိုင်တင်တွေနဲ့ ပရိသတ်တွေကိုဇာတ်ကားအဆုံးထိဆွဲခေါ်သွားမှာအသေအချာပါပဲနော်။ဘဝအမောတွေကိုလည်းခဏတာပြေပျောက်စေပြီး ကွဲပြားခြားနားတဲ့ဟာသဇာတ်ကားကောင်းကောင်းလေးကို ကြည့်ချင်တယ်ဆိုရင်တော့ "ရည်းစားတစ်ခုလပ်ရုပ်ရှင်ဇာတ်ကားကြီး"ကို သွားရောက်ကြည့်ရှု့ဖို့အတွက် တိုက်တွန်းပါရစေနော်။ 

Photo Credit:ရည်းစားတစ်ခုလပ်များရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:ရည်းစားတစ်ခုလပ်များရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:ရည်းစားတစ်ခုလပ်များရုပ်ရှင်ဇာတ်ကားကြီး

Photo Credit:ရည်းစားတစ်ခုလပ်များရုပ်ရှင်ဇာတ်ကားကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။