KOF ဆိုတဲ့ နာမည်ကို ပရိသတ်တွေ အားလုံးလဲ ရင်းနှီးကြမယ်လို့ထင်ပါတယ်။ Mobile Legends Player တွေအေနေနဲ့ သိရှိပြီးသားဖြစ်မှာပါ။ KOF ရဲ့ အရှည်ကောက်ကတော့ The King Of Fighter ပဲဖြစ်ပါတယ်။ ဂိမ်းဟာဆိုရင်တော့ ဟိုတော်တော်ကြာကြာကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး သူနေရာနဲ့သူ အောင်မြင်ခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Tekken တို့ Street Fighter တို့နဲ့ အပြိုင်တွေလဲဖြစ်ပါတယ်. 

ခုချိန်မှာတော့ ခေတ်အဆက်ဆက် ထွက်ရှိခဲ့တဲ့ KOF ဟာ Mobile ပေါ်ကို ရောက်ရှိလို့နေခဲ့ပါပြီ။ သို့သော် KOF ကြီး သီးသန့်မဟုတ်ပဲ Tekken 7 Character တွေလဲ ပါဝင်တာမို့ ဂိမ်းကို Allstar ဆိုပြီး ပေးထားပါတယ်။ အဲ့ဒီတော့ KOF မှာ ပါဝင်ပြီးတဲ့ Character တွေအပြင် Tekken 7 ကCharacter တွေပါ ပါဝင်တာမို့ ကိုကြိုက်နှစ်သက်တဲ့ Character တွေပိုဆော့နိုင်မှာဖြစ်ပါတယ်။ 

ဖုန်းဆိုပေမဲ့ ဆော့ရတာ တော်တော်လေးကို အရသာရှိတဲ့ Action Game တစ်ခုပါ။ Action Game ဆိုတဲ့ အရသာကိုလဲ တခြား Platform ပေါ်မှာကစားရတဲ့ Feel လို ရရှိမှာဖြစ်ပါတယ်။ P4 တို့ PC တို့လို အရသာကိုခံစားရမှာဖြစ်ပါတယ်။ ပရိသတ်တွေလဲ ML ထဲက Chou တို့ Dyrroth တို့ရဲ့ မူုလ Hero ကိုကစားချင်ရင် KOF ဂိမ်းကိုဆော့ကြည့်ပါလို့ အကြံပေးလိုက်ပါတယ်။ 

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။