သင်ကိုယ်တိုင်သာ Psycho တွေလက်ထဲရောက်ခဲ့မယ်ဆိုရင် ဘယ်လိုများ လွတ်အောင်လုပ်မလဲ။ ကိုယ်ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေ ဂိမ်းတွေက သင့်ကိုအဲ့နေရာမှာ အကူအညီပေးမယ်ဆိုတာ လုံးဝဖြစ်နိုင်ပါတယ်။ ခုဆိုရင်လဲဖော်ပြသွားမဲ့ဂိမ်းဟာ Psycho 4 ယောက်ရဲ့ လက်ထဲရောက်ရှိနေတဲ့ လူ၇ယောက်ဟာ Psycho တွေဆိကနေ လွတ်အောင် ကြိုးစားရမှာပါ။ သင်အနေနဲ့ နှစ်နေရာရွေးလို့ရပါတယ်။ 

Psycho ၄ ယောက်နေရာကနေ ဆော့ကစားမလား ထွက်ပြေးရမဲ့ လူ ၇ယောက်နေရာကနေ ဆော့ကစားရမလားဆိုတာ ရွှေးချယ်လို့ရပါတယ်။ တစ်ယောက်ချင်းစီမှာတော့ ကိုယ်ပိုင် အစွမ်းအစတွေရှိပါတယ်။ ပါဝါတွေရှိတယ်လို့ ပြောတာတော့ မဟုတ်ပါဘူး။ ဆော့ကစားရတဲ့ အရသာက ကိုယ်ကိုယ်တိုင် ရောက်ရှိသွားသလို ခံစားစေရပြီး ရင်တဒုတ်ဒုတ်နဲ့ ဆော့ကစားရတဲ့ Feel ပါ။ 

လူသတ်သမားကနောက်ကလိုက်နေတဲ့ဆိုတဲ့ စိတ်ကြီးက ကိုယ့်ကိုခြောက်လန့်နေတာမို့ ဂိမ်းထဲမှာ တလွဲတွေမလုပ်မိစေဖို့တော့လိုပါတယ်။ ကိုယ်နဲ့အတူဆော့ကစားတဲ့သူတွေနဲ့ Teamwork ရှိဖို့လိုပါတယ်။ Psycho နေရာကနေ ကစားတဲ့သူတွေကတော့ အဲ့ဒီလူတွေ မလွတ်မြောက်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ Psycho တစ်ယောက်ကို လူ၄ယောက်ပါ။ လူ၄ယောက်ကလဲ တစ်ယောက်ထဲဆိုပြီး အထင်မသေးစေချင်ပါ။ ဂိမ်းနာမည်ကတော့ Horrorfield - Multiplayer Survival Horror Game ပဲဖြစ်ပါတယ်။

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။