ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် မြန်မာ ယူ ၂၂ အသင်းကတော့ ဒီဇင်ဘာလ ၁၂ ရက် ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ပါတယ်။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

တတိယဆုရရှိခဲ့တဲ့ မြန်မာ ယူ ၂၂ အမျိုးသားအသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ MNL မှ တာဝန်ရှိသူများ၊ AYA Bank မှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အားကစားသမားများ၊ သက်တမ်းအလိုက်မြန်မာ့လက်ရွေးစင်အသင်းများ၊ မြန်မာဘောလုံးပရိသတ်များ လာရောက်ကြိုဆိုခဲ့ကြပါတယ်။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

နိုင်ငံဂုဏ်ဆောင်ပြီးအကောင်းဆုံး ကြိုးစားခဲ့ပေမဲ့လည်း တတိယဆုနဲ့သာကျေနပ်ခဲ့ရပါတယ်။ မြန်မာလက်ရွေးစင် ယူ- ၂၂အသင်း ကတော့ တတိယဆုကိုရရှိ ခဲ့တာကလည်း အခက်ခဲမှုတွေကြားထဲက ရယူပေးခဲ့တာပဲဖြစ်ပါတယ်။ ကဲ့ပရိသတ်ကြီးရေ တတိယဆုနဲ့အတူ အမိနိုင်ငံကိုပြန်လာရောက်လာတဲ့ မြန်မာလက်ရွေးစင် ယူ- ၂၂ အသင်းကိုဂုဏ်ပြုပေးလိုက်ပါအုန်းနော်......။

Photo Credit - MFF
Photo Credit - MFF

Source - Myanmar Football Federation 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။