ကမ္ဘာတစ်ဝှမ်းရှိ လျှို့ဝှက်နက်နဲမှုများထဲမှာ "ဘာသာ မပြန်နိုင်သေးသောမှတ်တမ်း"ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပရိသတ်ကြီးကို ယေးတက္ကသိုလ် စာကြည့်တိုက်မှာရှိတဲ့ ထူးဆန်းသော မှတ်တမ်းအကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားတင်ဆက်ပေးသွားမှာပါ။ ယေးတက္ကသိုလ် စာကြည့်တိုက်တွင် ထူးဆန်းသောမှတ်တမ်းတစ်ခုရှိပါတယ်။ ထိုမှတ်တမ်းတွင် ရေးထားသော စာသားများနှင့် စနစ်ကို ယခုအချိန်ထိ ဘယ်သူမှ အဓိပ္ပါယ်ဖော်မရသေးပါဘူး။ ဘယ်လို မှတ်တမ်း၊ မှတ်ရာမျိုးမလို့ အဓိပ္ပါယ်ရှာမရလဲဆိုတာကို ဆက်လက် ဖော်ပြပေးသွားပါ့မယ်။

Photo credit pngtree

ထိုမှတ်တမ်းတွင် စာများရေးသားထားသော သားရေချပ်က ၁၅ ရာစုမှ သားရေချပ် တစ်ချပ်ဖြစ်ကြောင်း ဆုံးဖြတ်ပေးနိုင်ပြီး၊ စာသားများဟာလည်း ၁၅ ရာစုဝန်းကျင်က ရေးသားထားခဲ့ခြင်း ဖြစ်တယ်လို့သာ ယူဆထားနိုင်ပါတယ်။ ထူးဆန်းသော စာသားများရေးထားတဲ့ သားရေချပ်ကို ၁၉၁၂ ခုနှစ်တွင် စာအုပ်ရောင်းချသူ ဗွိုင်နင့်ချ် ဆိုသူက တွေ့ရှိခဲ့တာဖြစ်ပြီး အဓိပ္ပါယ် မဖော်နိုင်သော စာမူဟု နာမည်ပေးခဲ့ရာ အခုအချိန်ထိ အဖြေထုတ်ရန် ခက်ခဲနေဆဲဖြစ်ပါတယ်။ မျက်မှောက် အင်တာနက်ခေတ် ရောက်တဲ့အခါမှာ ပညာရှင်များရော၊ အပျော်တမ်းသမားများပါ ထိုစာသားများကို အပြီးသတ် အဓိပ္ပါယ်ဖော်နိုင်ရန် သတင်းအချက်အလက်တွေ ဖလှယ်ပြီး ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

Photo credit pngtree

အဓိကကျသော မေးခွန်းမှာ ထိုမှတ်တမ်းက ဘယ်ဒေသမှ လာသလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ မူလပိုင်ရှင်ကိုပဲ ခြေရာခံရမှာလား ဒါမှမဟုတ် မှတ်တမ်းများနှင့် ပတ်သက်သော သမိုင်းဝင်ပုဂ္ဂိုလ်တိုင်းကို မေးခွန်းထုတ်ရမလို ဖြစ်ခဲ့ပါတယ်။ အဲ့စာမူကို မြင်ဖူးတဲ့ သူတိုင်းက အစစ်အမှန် ဖြစ်တယ်လို့ မယုံကြည်ကြပါဘူးနော်။ အချို့သူတွေကလည်း စာမူကို တွေ့ရှိခဲ့သူ ဗွိုင်နင့်ချ် က အတုဖန်တီးထားတယ်လို့ ယုံကြည်ကြပါတယ်။ ဘယ်လိုပဲ ယုံကြည်မှုတွေ၊ အယူအဆတွေ ကွဲလွဲခဲ့ကြပေမယ့် ထိုဘာသာစကားစနစ်ကို ဘယ်သူမှ မဖြေရှာမရ၊ အဓိပ္ပါယ် မဖော်ထုတ်နိုင်တာမလို့ လျှို့ဝှက်နက်နဲဖွယ် ကိစ္စတစ်ခုအဖြစ် လူသိများ ကျော်ကြားလျက်ရှိနေတာပါ ပရိသတ်ကြီးရေ....။

Source မောင် သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

သတင်း ယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန" ကိုကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။