ပရိသတ်ကြီးရေ...ဒီတစ်ခါမှာတော့ (Stockholm Canals ) စတော့ဟုမ်း တူးမြောင်းအကြောင်းကို ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်စားမှုရှိအောင် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများတွင် ကျယ်ဝန်းသော သမုဒ္ဒရာများမှ သေးငယ်သော ရေလမ်းကြောင်းများသို့ ဆက်သွယ်တဲ့ တူးမြောင်းများကို အရွယ်အစားမျိုးစုံ၊ ပုံသဏ္ဍာန်မျိုးစုံ တူးဖော်ထားတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ကမ္ဘာအနှံ့ရှိ မြို့တော်အများစုမှ လူအများဟာ အီတလီနိုင်ငံ၊ ဗင်းနစ်စ် တူးမြောင်းကို မိမိတို့ နိုင်ငံများရှိ တူးမြောင်းများ နှင့် ခိုင်းနှိုင်းရန် စိတ်အားထက်သန်စွာ ထုတ်ဖော်ပြောဆိုလေ့ ရှိတယ်လို့လည်း သိရပါတယ်။

photo credit pngtree

ဒါကြောင့်မလို့ ကမ္ဘာ တစ်ဝန်းရှိ မြို့တော်များဟာ မိမိတို့ နိုင်ငံများမှ တူးမြောင်းများအား ဗင်းနစ် နာမည်ကို ထည့်သွင်းအမည်ပေးလေ့ရှိကြပါတယ်။ နိုင်ငံအသီးသီးရှိ တူးမြောင်းများဟာ မိမိတို့ ကိုယ်ပိုင်ဟန်နှင့် မိမိတို့ သမိုင်းကြောင်းအရ ခရီးသွားများ လာရောက် ကြည့်ရှုလိုဖွယ် ဖြစ်အောင် ပြုလုပ်ဖန်တီးထားတာဖြစ်ပါတယ်။ ထိုကဲ့သို့ လက်ရောက်မြောက် ဖန်တီးမှုများထဲတွင် စတော့ဟုမ်း တူမြောင်းကလည်း အပါအဝင်ဖြစ်ပြီး တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်နော်။

photo credit pngtree

ဆွီဒင်နိုင်ငံ မြောက်ပိုင်း ဗင်းနစ်စ်လို့ အမည်ပေးထားတဲ့ တူးမြောင်းဟာ ကျွန်းပေါင်း ၁၄ ကျွန်းပေါ်တွင် တည်ရှိနေပါတယ်။ များပြားသောကျွန်းများပေါ်တွင် တည်ဆောက်ထားသော တူးမြောင်းဖြစ်တာမလို့ ရေလမ်းကြောင်းများ နှင့် မော်တော်များ၊ လှေများကို နေရာတိုင်းတွင် တွေ့မြင်ကြရမှာပါ။ စတော့ဟုမ်း တူးမြောင်းများကို လေ့လာရန် အကောင်းဆုံးသော နည်းလမ်းမှာ ကနိုးသို့မဟုတ် ကယက်လှေကို ငှားစီးပြီး မြို့တော်၏ ကျွန်းများအနှံ့ တစ်နာရီလောက် လှည့်ပတ်ကြည့်ရှုရမှာဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်း ယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန" ကိုကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။