ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ဟာ မီးခိုးမြူ အထူဆုံးမြို့များထဲတွင် ပါဝင်ခဲ့တဲ့အကြောင်းကို ဖော်ပြပေးသွားပါ့မယ်။ လူဦးရေ ထူထပ်များပြားပြီး မော်တော်ယာဉ်များ အများဆုံး ထုတ်လုပ်တဲ့ ကယ်လီဖိုနီးယားက မီးခိုးမြူ အထူဆုံးမြို့များထဲတွင် ပါဝင်ခဲ့တာဖြစ်ပါတယ်။

photo credit pngtree

အမေရိကန်နိုင်ငံ အဆုပ်ရောဂါ အသင်း၏ ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ လေထုထဲတွင် ညစ်ညမ်းအမှုန်အမွှား အများဆုံး ထွက်ရှိနေသော ဒေသဖြစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံတွင် အိုဇုန်းလွှာ ညစ်ညမ်းမှု အဆိုးရွားဆုံးမြို့ဟာ လော့စ်အိန်ဂျယ်လိစ် ဖြစ်ပါတယ်။ ၁၄ နှစ်ဆက်တိုက် ထုတ်ပြန်ခဲ့တဲ့ လေထု အခြေအနေ အစီရင်ခံစာ တွင် လော့စ်အိန်ဂျယ်လိစ်ဟာ သက္ကရာဇ် ၂၀၀၀ မှစ၍ အိုဇုန်းလွှာ ညစ်ညမ်းမှုကို ၃၇ ရာခိုင်နှုန်းအထိ သိသိသာသာ လျှော့ချနိုင်ခဲ့တဲ့အတွက် ( PM 10 ) အဆင့် (၂၅) သာရှိတော့ပါတယ်။

photo credit pngtree

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်များအရ လေထုညစ်ညမ်းမှုဟာ ထိန်းသိမ်းနိုင်မှု အတိုင်းအတာထက် ကျော်လွန်နေပြီ ဖြစ်ပါတယ်။ နိုင်ငံအလိုက်၊ ဒေသအလိုက် နိုင်ငံတကာတွင် ပြည်သူလူထု ပါဝင်လှုပ်ရှားရန် လိုအပ်လျက်ရှိနေပါတယ်။ မီးခိုးမြူ ပြဿနာလျော့ကျ နိုင်ရေးအတွက် လောင်စာဆီ သုံးယာဉ်များအစား စက်ဘီးကိုပိုမိုသုံးစွဲကြခြင်းဖြင့် လေထုညစ်ညမ်းမှု ပြဿနာကို ကာကွယ်ထိန်းသိမ်းကြရမှာဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်း ယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။