ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ရင်သွေးလေေးတွထဲမှာ အဆိုတော်လင်းလင်းနဲ့ အဆိုတော်သရုပ်ဆောင်မင်းသမီးချော ချစ်သုဝေရဲ့ အမွှာသမီးချောလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်လေးတို့ကတော့ အားလုံးရဲ့အသည်းကျော်လေးတွေပါပဲ..။

ချစ်စရာကောင်းလွန်းလို့ အားလုံးက ချစ်ခင်ကြတဲ့ ခေတ်လေးနဲ့သစ်လေးတို့ကတော့ ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင်တဖြည်းဖြည်းအရွယ်ရောက်လာကြပြီး အခုဆိုရင် မေမေအားကိုးရတဲ့ သမီးလေးတွေတောင် ဖြစ်လို့နေပါပြီနော်..။

ဒီကနေ့လေးမှာတော့ မေမေချစ်သုဝေကတော့ အားကိုးလို့ရနေပြီဖြစ်တဲ့ သမီးလေးတွေအကြောင်းကို ကြည်ကြည်နူးနူးလေးပြောပြထားပြီး ချစ်ခင်သနားပြီး ကြင်နာတတ်တဲ့ သမီးလိမ္မာလေးတွေ အကြောင်းကို ပြောပြလာပါတယ်နော်..။


Phopto Credit – Chit Thu Wai’s Facebook
Phopto Credit – Chit Thu Wai’s Facebook

ဆောင်းတွင်းမှာ သမီးလေးတွေကို ဂရုစိုက်တဲ့အကြောင်းနဲ့ အစားအသောက်နဲ့ ပတ်သက်ပြီး ပြောပြထားသလို အိမ်အလုပ်တွေကူလုပ်ပေးတဲ့ သမီးလိမ္မာလေးတွေရဲ့ ကြည်နူးစရာ အကြောင်းလေးကိုလည်း ပြောပြထားတာ ဖြစ်ပါတယ်..။

ခေတ်လေးရဲ့ သိတတ်မှုလေးတွေကြောင့် စိတ်ထဲမှာ ဘယ်လိုတောင်ဖြစ်ရသလဲဆိုတော့ အရမ်းကို အားကိုးရတာပဲ အကြီးဆိုတော့ သူ့ကို အားကိုးတဲ့ပုံနဲ့ မေမေ့ကို ကူညီခိုင်းတဲ့အချိန်တွေမှာလည်း အားကိုးလို့ရနေပြီး ခေတ်လေးနဲ့ သစ်လေးကတော့ မေမေလိုပဲ ချစ်တတ်တယ် သနားတတ်တယ် ကြင်နာတတ်တဲ့ အကြောင်းပြောပြထားတာပါ..။


Phopto Credit – Chit Thu Wai’s Facebook
Phopto Credit – Alinn Yaung Photography

မေမေ့ရဲ့ သီချင်းလေးတွေ လိုက်ပြီးဆိုတယ် အရမ်းပီတိဖြစ်ရတာက ခေတ်ခေတ်ကလေး ပါးလေးကို အမြဲလာကိုင်ပြီး အဲ့ဒီ့မေမေကို အရမ်းချစ်တာပဲဆိုပြီး ပြောတာလေးကို အရမ်းကြည်နူးပီတိဖြစ်ရပြီး သမီးလေးတွေက သူမ သီချင်းဆိုတာကို ချစ်တယ် ကြိုက်တယ်ထင်လို့ ပိုလုပ်ချင်လာတယ်ဆိုပြီးတော့လည်း ကြည်နူးရတဲ့အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။

သမီးလေးတွေအပေါ်မှာ ဘာကြီးဖြစ်အောင်လုပ်မယ်ဆိုတဲ့ အတ္တတွေ မရှိပေမယ့် ဖြစ်စေချင်တဲ့ ဆန္ဒလေးတော့ ဖြစ်စေချင်လေးတွေတော့ ရှိပြီး သူတို့လေးတွေဖြစ်ချင်တာလေးကိုလည်း ပံ့ပိုးမယ် အားပေမယ် ကူညီမယ် ဆိုပြီးတော့လည်း မေမေချစ်သုဝေရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ဆင်တက်ပေးလိုက်ပါတယ်နော်..။

Phopto Credit – Chit Thu Wai’s Facebook
Phopto Credit - Li Jogn Photography

Phopto Credit – Chit Thu Wai’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။