Nestle ကော်ဖီမှုန့်အတုများ ထုတ်နေသည့်စက်ရုံ

Nestle သောက်တဲ့လူတွေ သတိထားဖို့

နံမည်ကြီး ကော်ဖီမှုန် ့ ထုတ် အတုများထုတ်နေသည့် စက်ရုံကို

ထိုင်းရဲများ ဝင်ရောက်ဖမ်းဆီး

ထိုင်းနိုင်ငံအတွင်းမှာ နံမည်ကြီး ကော်ဖီထုတ်တဆိပ် nestle cafe အတုတွေ ထုတ်နေတဲ ့ အလုပ်ရုံကို ရဲတပ်ဖွဲ ့တွေ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

nestle cafe (အအနီ-အစိမ်း) ကော်ဖီထုတ် အတုပေါင်း(၄)သိန်းကျော် 439,200 နဲ ့အတူ တရားခံ (၇)ဦး ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

အဖမ်းခံရတဲ့သူတွေထဲမှာ မြန်မာနိုင်ငံသား (၃)ဦးပါဝင်နေပါတယ်၊ ဖမ်းမိတဲ့

သူတွေဟာ လစာနဲ ့ ငှားရမ်ထားတဲ့အလုပ်သမားတွေဖြစ်ပြီး ပိုင်ရှင်ကိုတော့

စုံစမ်းနေဆဲလို ့ထိုင်းသတင်းတွေက ဖေါ်ပြထားပါတယ်။

ထိုင်းနိုင်ငံ ပထုံဌာနီLat Lum Kaeo လပ်လန်ကဲ ခရိုင်အတွင်း မှာ ရှိတဲ့ အဆိုပါ ကော်ဖီတု အတုစက်ရုံဟာ ကော်ဖီထုတ်အတု တွေကို ထိုင်း လမ်းဘေးစျေး တောင်ပေါ်စျေးနဲ ့အိမ်နီးချင်းနိုင်ငံတွေကို ဖြန် ့ဖြူးနေတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။