ခေတ်ရေစီးကြောင်းနဲ့အညီ သုံးစွဲသူတွေကို အမြဲစိတ်ကျေနပ်အောင် ဆောင်ရွတ်ပေးနေတဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Vivo မှ လူငယ်တွေ အကြိုက်တွေ့စေမယ့် ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်း၊ မြင့်မားတဲ့စွမ်းဆောင်ရည်တွေနဲ့ ဖန်းတီးထားတဲ့ Vivo S1 Pro ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ 

Vivo S1 Pro ကြီးမားကျယ်ပြန့်တဲ့ ၆.၃၈ လက်မအရွယ် Full HD + Super AMOLED မျက်နှာပြင်တပ်ဆင်ထားပြီး In-display Fingerprint System တပ်ဆင်ထားပါတယ်။ လူငယ်တွေစိတ်ကြိုက်တွေ့စေမယ့် Multitasking နဲ့ Gaming လုပ်ဆောင်ချက်တွေကို ထူးကောင်းမွန်စေရန်အတွက် စွမ်းရည်မြင့် Snapdragon 665 Processor အတူ 8GB RAM အပြင် 128GB ROM တို့ကိုတပ်ဆင်ပေးထားပါတယ်။ ဒ့ါအပြင် Multi Turbo စနစ်ပါရှိတာကြောင့် ပြီးပြည့်စုံတဲ့ Gaming Mood ကိုခံစားရရှိစေမှာ ဖြစ်ပါတယ်။ Operating System ကိုတော့ Android 9 (Funtouch OS 9.2) ကိုသုံးထားပေးပါတယ်။ 4500 MAH Battery၊ Dual Engine Fast Charging နဲ့ဆော့ ဂိမ်းဆော့ရင်း အားကုန်မှာ စိတ်ပူစရာမလိုတော့ဘူးပေါ့။

Vivo S1 Pro ဟာ ကင်မရာပိုင်းကိုလည်း တစ်ခြားစမတ်ဖုန်းတွေနဲ့မတူ တစ်မူထူးခြားကွဲပြားတဲ့ ဒီဇိုင်းနဲ့ ပုံဖေါ်ထားပါတယ်။ စိန်ပွင့်ပုံစံ နောက်ကျောပြင်ကင်မရာလေးလုံးကိုတက်ဆင်ထားပြီး AI Rear Quad Camera Setup (48MP + 8MP + 2MP + 2MP (Super Macro, Super Wide, Wide Angel, Depth Sensor) တပ်ဆင်ထားတာကြောင့် အမိုက်စားဒီဇိုင်းနဲ့ အလန်းဆုံးပုံတွေဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ Selfie ချစ်သူတွေအတွက်လည်း 32MP AI Beauty Mode နဲ့ Water Drop selfie ကင်မရာတပ်ဆင်ပေးထားတယ် ဆိုတော့ selfie ပုံလှလှလေးတွေ စိတ်ကြိုက်ဖန်တီးနိုင်ပြီပေါ့နော်။ ဒီဇိုင်းပုံခေတ်ရှေ့ပြေးနေယုံတင်မကပဲ Mystic Black (အနက်) နဲ့ Dreamy White (အဖြူ) ဆိုပြီး အရောင်ပြေးကာလာ ၂ မျိုးကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ကဲ… သင်တို့ရဲ့ ဖက်ရှင်ဒီဇိုင်းကို အလန်းဆုံးဖြစ်အောင် ပံပိုးပေးမယ့် Vivo S1 Pro စမ်ဖုန်းကို ကျပ် ၄၂၉,၈၀၀ နဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး Pre-Order ကြိုတင်မှာယူနိုင်ပြီဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၉ မှာ စတင်ရောင်းချပေးမှာ ဖြစ်ပြီး Vivo ထုံးစံအတိုင်း Pre-Order ကာလာမှာ Neck Massage လက်ဆောင်လန်းတွေပေးမှာကိုတော့ လက်လွှတ်မခံကျနဲ့နော်…

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။