မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနဲ့General Aung San Shield ရှုံးထွက်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းတို့ရဲ့ အားပြိုင်မှုကို ကြည့်ရှုခံစားရင်း Lucky Draw အစီအစဉ်မှာ ပါဝင်ကံစမ်းနိုင်မယ့် အခွင့်အရေးကြီးက မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ထို့အပြင် ၂၀၂၀ ရာသီအကြို လူမှုရေးရန်ပုံငွေ ကွင်းဖွင့်ဖလားအဖြစ် ယှဉ်ပြိုင်ကစားမယ့် ဒီပွဲစဉ်ကို ဇန်နဝါရီ ၅ ရက်၊ ညနေ ၃း၃၀ အချိန်၊ YUSC ကွင်းမှာ ကျင်းပပြုလုပ်သွားမှာပါ။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ရှမ်းယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားမယ့် ရာသီကြို ကွင်းဖွင့်ဖလားပွဲကို ရိုးရိုးတန်း တစ်ထောင်ကျပ်နဲ့အထူးတန်း နှစ်ထောင်ကျပ်အဖြစ် သတ်မှတ်ထားပြီး ရရှိလာတဲ့ ကွင်းဝင်ကြေးတွေအားလုံးကို ပရဟိတအဖွဲ့များကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေအတွက် ကံစမ်းမဲတွေ ပါဝင်မှာ ဖြစ်သလို နိုင်ငံကျော်တေးသံရှင်များလဲ လာရောက်ဖျော်ဖြေကြမှာဖြစ်ပါတယ်။

Photo Credit - Myanmar National League

၂၀၂၀ ရာသီမတိုင်မီ ပြင်ဆင်မှုတွေ ကြီးကြီးမားမား ပြုလုပ်ထားတဲ့မြန်မာနေရှင်နယ်လိဂ်ထိပ်သီးနှစ်သင်းရဲ့ အားပြိုင်မှုကလည်း ပရိသတ်တွေ အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ သေချာနေပါတယ်။ ပွဲစဉ်တွေမှရရှိလာတဲ့ ကွင်းဝင်ကြေးတွေ၊ အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေကို ပရဟိတအဖွဲ့အစည်းတွေကို ပွဲအပြီးမှာပဲ လှူဒါန်းသွားမှာဖြစ်လို့ ဘောလုံးပွဲလည်းကြည့်ရင်း … နှစ်သစ်မှာ မွန်မြတ်တဲ့ ကုသိုလ်ရှင်အဖြစ်ပါ ခံယူခွင့် ရမယ့်အခွင့်အရေးကောင်းတစ်ခုက သင့်ကို စောင့်ကြိုနေတာပါ….။

Photo Credit - Myanmar National League

Source - Myanmar National League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။