မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဇွဲကပင်ယူနိုက်တက်အသင်း နည်းပြချုပ်ဟောင်း ဦးမင်းထွန်းလင်း ကို မြန်မာ့လက်ရွေးစင်အသင်း၏လက်ထောက်နည်းပြအဖြစ် ဇန်နဝါရီ ၂ရက်က တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit - MFF

မြန်မာ့လက်ရွေးစင်အသင်းကတော့လာမည့် မတ်လအတွင်း ဂျပန်အသင်း၊ တာဂျစ်ကစ္စတန် အသင်းများနှင့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရန်ရှိနေရာ ပြည်တွင်းကစားသမားများနှင့် ပတ်သက် ၍ အတွေ့အကြုံရှိသူ ဦးမင်းထွန်းလင်းကို လက်ထောက် နည်းပြအဖြစ် ခေါ်ယူပေးရန် နည်းပြချုပ် အန်တိုနီဟေး ၏ တောင်းဆိုချက်အရ MFF က ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။

Photo Credit - MFF

ဦးမင်းထွန်းလင်း သည် AFC (A) လိုင်စင်ရရှိထားသော နည်းပြတစ်ဦးဖြစ်ပြီး ဇွဲကပင်ယူနိုက်တက်အသင်းကို တာဝန်ယူကိုင်တွယ်စဉ် ၂၀၁၈ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ကဲ့ ချစ်ပရိသတ်ကြီးရေ မြန်မာ့လက်ရွေးစင်လက်ထောက်နည်ပြအဖြစ် ဦးမင်းထွန်းဦးကို တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့တာကိုပြန်လည်တင်ပြပေးလိုက်ပါတယ်။

Photo Credit - MFF

Source - Myanmar Football Federation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။