Ml မှာ ခုတလော Epic တို့ Legend တို့ကို အသည်းအသန်းပြန်တက်နေကြနေပြီဖြစ်ပါတယ်။ အဲ့လို့အခြေအနေမှာ Hero တွေကိုလဲ သေသေချာချာ ရွှေးချယ်ကစားသင့်ပါတယ်။ ကိုယ်ကြိုက်တာကိုပဲ ကိုင်တာထက် ကိုယ့်အနေနဲ့ Offlaner ကစားရမလား Roam ပေးရမလား ဘယ်လိုကစားရမလဲဆိုတဲ့ အပေါ် Hero ကိုပြောင်းလဲ ကစားရမှာဖြစ်ပါတယ်။ အဲ့ဒီခါမှာ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က Fighter ပဲအားသန်းနေရင်တောင် ကစားရမဲ့ ပေါ်မူတည်ပြီး Hero ပြောင်းလဲယူရမှာပါ။ 

Masha ကိုင်ပြီး တိုင်ခိုးချိုးတာတွေ လုပ်တာတို့ Dyrroth ကိုင်ပြီး ရန်သူကြားထဲ Damage အမြင့်စား ပေးတာတို့ လုပ်ဖို့ တွေးထားပေမဲ့ ရန်သူဘက်က ရွှေးသွားတဲ့အခါ သင့်အနေနဲ့ Jawhead တို့ Bandang တို့ကျန်ပါသေးတယ်။ Jawhead ဆိုရင် Masha ကို Early မှာ အသားစီး လုပ်လို့ရပါတယ်။ Masha ရဲ့ Skill 2 အသုံးခံရရင်လဲ Jawhead တို့က Spell တွေနဲ့ တိုက်ခိုက်တဲ့ Hero မို့ အေးဆေးပါပဲ။ Skill 2 နဲ့ ကိုယ့်လူကြားထဲဖြစ်ဖြစ် တာဝါထဲပစ်ပစ် ပြန်ပစ်ထည့်လို့ရပြီး Skill 1 ဖွင့်ထားပြီါ် Ultimate နဲ့ ဝင်ဆောင့်ရင် အသာပါပဲ။ တခြား သူတွေကိုလဲ ကယ်လို့ရပြီး ရန်သူတွေကိုလဲ နှောင့်လို့ကောင်းပါတယ်။ 

Bandang ကတော့ Arrival နဲ့ ရောက်ခါလာပြီး Skill 2 နဲ့တိုက်ပြီး Ulti ဖွင့်ကာ Skill 1 နဲ့ တစ်ချက်ထပ်တိုးနိုင်ရင် Battle ပြီးပါပြီ။ သူရဲ့ Ulti ထိုးချက်တွေက တော်တော်လေးကို Damage မြင့်ပြီး ရန်သူတွေကို မခံစားစေနိုင်ပါဘူး။ Bandang ကို Battle မှာ ဝင်ပါခံရင် အဆင်ပြေမှာပါ။ သူသာမပါပဲ ဆိုင်ရင်တော့ Enemy 3 ကောင်လောက်ကို သတ်ဖို့ အချိန်ပိုကြာသွားပါမယ်။ ရန်သူဘက်မှာပါရင်တော့ သူတို့နှစ်ကောင်လုံးကို Masha ကပြန်သတ်နိုင်ပါတယ်။ Jawhead ကိုတော့ Early Game မှာ သွားမစမ်းပါနဲ့။ 

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။