ML Rank ကစားတဲ့အခါ ၁၀ ပွဲမှာ ၉ ပွဲက Granger ကြီးနဲ့တွေ့ရှိရမှာဖြစ်ပါတယ်။ သူဟာ ခုလက်ရှိ Update ပြီးနောက်ပိုင်းမှာ အရင်ကထက် ပိုပြီးကြမ်းတမ်းလာခဲ့ပါတယ်။ ဘာကြောင့်သူ ကြမ်းတမ်းရတာလဲဆိုရင် ခုလက်ရှိ Update က Buff တွေကြောင့်ပဲဖြစ်ပါတယ်။ သူ့ကို Raptor Machete ဆိုတဲ့ Jungle Item ကပေးတဲ့ Damage က Buff တွေကြောင့် Stack ရတာမြန်လာပြီး Early Game မှာတင် ကြမ်းလို့ရပါပြီ။ 

ဒါကြောင့်ပဲသူဟာ အရင်ကထက် ပိုကြမ်းလာပြီး Meta MM ဖြစ်လာခဲ့တာပါပဲ။ သူ့ကိုသာ ကာပေးတဲ့ Tank တစ်ကောင်ရှိမယ်ဆိုရင် Battle မှာရော အလစ်တိုက်ခံရတဲ့ အချိန်မှာပါ ပြန်တိုက်ခိုက်နိုင်ပါတယ်။ သူ့ကိုလဲ ML Player တွေ သေသေချာချာ လေ့ကျင့်ပြီး ကစားသင့်ပါတယ်။ သူက တခြား MM တွေလို Attack Speed ကိုဦးစားမပေးပဲ Physical Attack ကိုပဲဦးစားပေးရတာမို့ ကိုင်ရတာတော့ နည်းနည်းတိုင်ပတ်ပါတယ်။ 

သို့သော်လဲ Skill 1 ပစ်ချက်တွေအကုန်လုံး ရန်သူကို ထိရင် အဲ့ရန်သူသေဖို့ ၉၉ရာခိုင်နှုန်းသေချာပါတယ်။ Ultimate ဆိုရင်လဲ ၃ ချက်လုံးထိအောင် ပစ်နိုင်ရင် Mage တို့ MM တို့အပျောက်ပါပဲ။ Masha နောက်ကနေပြေးလိုက်နေရင်လဲ Skill 1 နဲ့ပစ်ပေးပြီး 2 သုံးကာ တစ်ချက်ထပ်ပစ်လိုက်ရုံနဲ့ သေပါတယ်။ Gusion ဓါးပေါက်ပြီး ပြေးလာရင်လဲ Skill 1 နဲ့ပစ်ပေးရုံပါပဲ။ သူ့ကိုခုလက်ရှိ Rank တွေမှာ ကိုင်ဖို့အကြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။