ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော MPT Myanmar National League 2020 ရာသီကြို ခြေစမ်းပွဲတွင် ရခိုင်ယူနိုက်တက်အသင်းက တန်းတက် ISPE FC အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါတယ်။ယခုပွဲစဉ်မှာလည်း ရခိုင်ယူနိုက်တက်အသင်း နှင်း ISPE FC အသင်းတို့ ပွဲစဉ်စတင်အချိန်မှာပဲ နှစ်ဖက် အသင်းလုံးကတော့ အနိုင်ရရှိရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတာပဲဖြစ်ပါတယ်။

Photo Credit - Myanmar National league
Photo Credit - Myanmar National league

ခြေစမ်းပွဲတွင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ အတွေ့အကြုံရင့် ရခိုင်ယူနိုက်တက်အသင်းက ပွဲကို စိုးမိုးကစားနိုင်ခဲ့ပြီး အဖွင့်ဂိုးကို ၇၈ မိနစ်မှာကောင်းမြတ်ကျော်ကက အဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပြီး နောက်ထပ် ၈၇ မိနစ်များတွင် သန်းထိုက်အောင်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။ပွဲချိန်မိနစ် ၉၀မှာတော့ ၂ - ဝဂိုးဖြစ်အနိုင်ရရှိခဲ့ပါတယ်။

Photo Credit - Myanmar National league
Photo Credit - Myanmar National league

ရခိုင်ယူနိုက်တက်အသင်း၏ ရာသီကြိုခြေစမ်းပွဲရလဒ်များမှာတော့ ရခိုင်ယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို၄-၂ဂိုးဖြစ်ရှုံးနိမ့်ခဲ့ပြီး နောက်ထပ်ခြေစမ်းပွဲဖြစ်တဲ့ ရခိုင်ယူရန်ကုန်ယူနိုက်တက် အသင်းက ၂-၁ မကွေးအသင်းကို ၂-၁ ဂိုးဖြစ်အနိုင်ရရှိခဲ့ပါတယ်။ နောက်ထပ်ခြေစမ်းပွဲဖြစ်တဲ့ဟံသာဝတီယူနိုက်တက်အသင်းကို၂-၂ ဂိုးဖြစ်သရေကျခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ဝ-၄ဂိုးဖြစ်ရှုံးနိမ့်ခဲ့ရပါတယ်။ ယခုတစ်ခါမှာဆိုရင်တော့ ရခိုင်ယူနိုက်တက်အသင်းက ISPE အသင်းနှင့်ခြေစမ်းပွဲကစားရာ ၂-ဝဂိုးဖြစ် အနိုင်ရရှိခဲ့ပြီးလည်းဖြစ်ပါတယ်။

Photo Credit - Myanmar National league

Source - Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။