မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ကျော်ဇင်ထက် က နှစ်သစ်၏ ပထမဦးဆုံးပွဲတွင် အနိုင်ရရှိအောင် အာရုံစိုက် ယှဉ်ပြိုင်မည် ဟု ရှမ်းယူနိုက်တက်အသင်းနှင့် ပွဲမတိုင်မီတွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းသည် မနက်ဖြန် ဇန်နဝါရီလ ၅ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် MFF Charity Cup ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားမည် ဖြစ်ပါတယ်။

photo credit : MNL' s facebook
photo credit : MNL' s facebook

“ကျွန်တော့်တို့ကွင်းမှာကန်ရမှာဖြစ်တဲ့အတွက် အနည်းငယ်အားသာကောင်းသာပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း အိမ်ကွင်းမှာကန်ရတဲ့အတွက် နိုင်ပွဲရရှိဖို့ ဖိအားရှိနေသလို သူတို့ကလည်း ကျွန်တော်တို့ အိမ်ကွင်းမှာလာရောက် ကန်ရမှာဖြစ်တဲ့အတွက် ဖိအားရှိမှာပါပဲ။ ဒီပွဲက နှစ်သင်းလုံးအတွက် ပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

photo credit : MNL' s facebook
photo credit : MNL' s facebook

ကျော်ဇင်ထက် က “၂၀၂၀ နှစ်စဖြစ်တဲ့အပြင် ကျွန်တော်တို့အသင်းရဲ့ ပထမဦးဆုံးပွဲလည်း ဖြစ်ပါတယ်။ မနှစ်က Charity Cup မှာသူတို့အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနှစ်မှာ ရှုံးကြွေးပြန်ဆပ်ပြီး ကျွန်တော်တို့ နည်းပြချုပ်အတွက် ရယူဖို့ ကျန်နေသေးတဲ့ Charity Cup ကို ရရှိအောင် ကြိုးစားသွားပါမယ်။” ဟု ပြောကြားခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ယခင် ၂၀၁၉ ခုနှစ် Charity Cup ပြိုင်ပွဲတွေ့ဆုံမှုတွင် ရန်ကုန်အသင်းက ရှမ်းအသင်းကို ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ဒီပွဲက အတော်လေးကို ကြည့်ကောင်းမယ့် ပွဲတစ်ပွဲဖြစ်ပါတယ်။ ဒါ့အပြင် ရရှိတဲ့ ဝင်ကြေးတွေကနေ မိဘမဲ့ကလေးတွေကို လှုမယ်ဆိုတော့ ဘောလုံးပွဲကြည့်ရင်း ကုသိုလ်ယူနိုင်မယ်ပွဲဖြစ်ပါတယ်။ ဒါ့ကြောင့် လာရောက်အားပေးကြဖို့ ပရိသတ်တွေကိုဖိတ်ခေါ်ချင်ပါတယ်။” ဟု ပွဲကို လာရောက်အားပေးကြည့်ရှုကြဖို့ ပရိသတ်များကို ၎င်းကဖိတ်ခေါ်ခဲ့ပါတယ်။

source;MNL' s facebook 

photo credit : MNL' s facebook
photo credit : MNL' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။