၂၀၂၀ ရာသီအကြို လူမှုရေးရန်ပုံငွေ ကွင်းဖွင့်ဖလားအဖြစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနဲ့ General Aung San Shield ရှုံးထွက်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းတို့ကစားကြမှာဖြစ်ပါတယ်။၂၀၂၀ ရာသီအကြို လူမှုရေးရန်ပုံငွေ ကွင်းဖွင့်ဖလားအဖြစ် ယှဉ်ပြိုင်ကစားမယ့် ဒီပွဲစဉ်ကို ဇန်နဝါရီ ၅ ရက်၊ ညနေ ၃း၃၀ အချိန်၊ YUSC ကွင်းမှာ ကျင်းပပြုလုပ်သွားမှာပါဖြစ်ပါတယ်။

photo credit - Myanmar National League' s facebook
photo credit - Myanmar National League' s facebook

ကျန်းမာရေးကြောင့်မကစားနိုင်တဲ့ ကစားသမားကလွဲရင်၊ကျန်တဲ့ ကစားသမားတွေထဲက အ‌‌ကောင်းဆုံးအနေအထားရှိတဲ့သူတွေကို သုံးသွားမယ်၊အင်အားအပြည့် ကစားမယ်။မြက်ခင်းတုကွင်းဖြစ်လို့ပုံမှန်ကွင်းတွေနဲ့ မတူပေမဲ့ကွာခြားချက် အများကြီး မရှိပါဘူး။အဓိက ကစားသမားတွေအပြောင်းအလဲ မရှိဘူး၊အားဖြည့်ထားတဲ့ နိုင်ငံခြားသားအများစုကလည်းမြန်မာ့ ဘောလုံးလောကနဲ့ရင်းနှီးပြီးသားလူတွေ။မနှစ်က ရထားပြီးသား ပုံစံကောင်းကိုဆက်ထိန်းနိုင်မယ်လို့ ယုံကြည်တယ်။ရာသီအစမှာ တာထွက်ကောင်းဖို့ဒီပွဲကစပြီး အကောင်းဆုံးကစားမှာပါ။

photo credit - Myanmar National League' s facebook
photo credit - Myanmar National League' s facebook

အသင်းခေါင်းဆောင်သီဟစည်သူကတော့ ရာသီအစ ဖွင့်ပွဲဖြစ်လို့အကောင်းဆုံး ကစားသွားမယ်၊ကိုယ့်ညီလေးတွေ လက်တွဲခေါ်မယ်။ပွဲအနေအထားနဲ့ ဂိုးနည်းပြကခွင့်ပြုရင် ကျနော့်ညီတွေကိုဦးစားပေးသွားမှာပါ။အသင်းနိုင်ဖို့ရယ်၊ကစားသမားတွေရဲ့ လက်စွမ်းရယ်၊ဂိုးနည်းပြရဲ့ ခွင့်ပြုချက်ရယ်အကြောင်းပေါင်းစုံဖို့တော့လိုပါတယ်ဆိုပြီးပြေားခဲ့ပါတယ်။

source - Myanmar National League' s facebook 

photo credit - Myanmar National League' s facebook
photo credit - Myanmar National League' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။