ယနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက် (ယူ-၂၁)အသင်းနှင့် မြန်မာနေရှင်နယ်လိဂ်-၂ ကလပ်ဖြစ်သည့် ကချင်ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်တွင် ၂-၂ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ကချင်အသင်းအတွက် ဦးဆောင်ဂိုးကို နိုက်ဂျီရီးယားတိုက်စစ်မှုး ချီမာ က ၉ မိနစ်တွင် သွင်းယူနိုင်ခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို ဝေလု က ၁၀ မိနစ်အကြာတွင် ထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit - Yangon United FC
Photo Credit - Yangon United FC

ရန်ကုန်အသင်းအတွက် ပထမချေပဂိုးကို ကျော်စည်သူဟိန်း က သွင်းယူပေးခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ကချင်ယူနိုက်တက်အသင်း က ၂-၁ ဂိုးဖြင့် ဦးဆောင်နေခဲ့ပါတယ်။ဒုတိယပိုင်းတွင် ရန်ကုန်အသင်း လူစားလဲမှုများပြုလုပ်ခဲ့ပြီး မြတ်မင်းခိုင် က ဂိုးသမား ညာထောင့်ထဲသို့ အပိုင်သွင်းယူနိုင်ခဲ့ရာ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းနှင့် ကချင်ယူနိုက်တက် အသင်းတို့ ၂-၂ ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit - Yangon United FC

ရန်ကုန်ယူနိုက်တက်အသင်း ယခုပွဲအပါအဝင် ခြေစမ်းပွဲ လေးပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ပြီးခဲ့သည့် MFF Youth အသင်းကို ၁-၀ ဂိုး၊ ဧရာဝတီယူနိုက်တက် (ယူ-၂၁) အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားပြီး ဆောက်သမ်းမြန်မာ (ယူ-၂၁) အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ကဲ့ချစ်ပရိသတ်ကြီးရေ ယခုမှာဆိုရင်တော့ ရန်ကုန်ယူနိက်တက်ယူ-၂၁အသင်းနှင့် မြန်မာနေရှင်နယ်လိဂ်-၂ကလပ်ဖြစ်တဲ့ ကချင်ယူနိုက်ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ကိုတင်ပြရင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Yangon United FC

Source - Yangon United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။