၂၀၂၀ ရာသီအကြို လူမှုရေးရန်ပုံငွေ ကွင်းဖွင့်ဖလားအဖြစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနဲ့ General Aung San Shield ရှုံးထွက်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းတို့ကစားခဲ့ကြတာပဲ ဖြစ်ပါတယ်။၂၀၂၀ ရာသီအကြို လူမှုရေးရန်ပုံငွေ ကွင်းဖွင့်ဖလားအဖြစ် ယှဉ်ပြိုင်ကစားမယ့် ဒီပွဲစဉ်ကို ဇန်နဝါရီ ၅ ရက်၊ ညနေ ၃း၃၀ အချိန်၊ YUSC ကွင်းမှာ ကစားခဲ့ကြပါတယ်။

photo credit :MNL ' s facebook
photo credit :MNL ' s facebook

MFF Charity Cup 2020 ရာသီကြို လူမှုရေး ရန်ပုံငွေဖလားပွဲစဉ်အတွက် နှစ်ဖက်အသင်း ပွဲထွက်လူစာရင်းမှာတော့ အဓိကကစားသမားတွေ ပါဝင်ခဲ့ပါတယ်။General Aung San Shield ရှုံးထွက်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းတို့နဲ့ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံရှမ်းယူနိုက်တက်အသင်းတို့ရဲ့ ပထမပိုင်းအပြီးမှာ ဂိုးမရှိ သရေရလဒ် ဖြစ်ပါတယ်။

photo credit :MNL ' s facebook

ပွဲပြီးဆုံးချိန်မှာတော့ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၂ဂိုး ၁ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ ရှမ်းယူနိုက်တက်အသင်းကတော့ရန်ကုန်ယူနိုက်တက်ကို မြက်ခင်းတုကွင်းမှာ ထပ်မံအနိုင်ယူကာ ရှမ်းယူနိုက်တက်ပရိသတ်များအတွက် နှစ်သစ်လက်ဆောင် ဆုဖလားတစ်ခု ယူပေးခဲ့တာပဲဖြစ်ပါတယ်။ MFF Charity Cup 2020 ရာသီကြို လူမှုရေး ရန်ပုံငွေဖလားပွဲစဉ်မတိုင်မီ Art Robot Music Band နှင့် အတူ နိုင်ငံကျော်အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

source:MNL ' s facebook 

photo credit :MNL ' s facebook
photo credit :MNL ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။