ဤကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းဟာဆိုရင် မေတ္တာတရားတွေနဲ့ရှင်သန်နေကြတဲ့သူတွေပဲဖြစ်ပြီးအချစ်ဆိုတာကိုပြောရမယ်ဆိုရင်လည်း (၁၅၀၀)နဲ့ (၅၂၈)ဆိုပြီး နှစ်မျိုးကွဲပြားသလို နှလုံးသားရှိတဲ့သူတိုင်းကလည်း အချစ်ကိုအဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြပါတယ်နော်။အချစ်ကိုထိထိမိမိခံစားချင်သူတိုင်းအတွက် နှလုံးသားနဲ့ထပ်တူကျမယ့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ညွှန်းဆိုပြချင်ပါတယ်နော်။

Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး

ဇာတ်ကားကြီးရဲ့ နာမည်ကတော့"မိုက်မဲချစ်"ဖြစ်ပြီး ဇာတ်ကားနာမည်နဲ့တင် ပရိသတ်တွေရဲ့အာရုံကိုဖမ်းစားထားနိုင်ပါတယ်။ပါဝင်ကြတဲ့သရုပ်ဆောင်တွေကလည်း မြင့်မြတ်၊‌ရွှေမှုံရတီနဲ့ ခင်ဝင့်ဝါတို့ကအပြိုင်အဆိုင်ကြဲထားလို့ အချစ်ဆိုတာရဲ့နောက်ဆက်တွဲခံစားချက်တွေကို ပီပီပြင်ပြင်ခံစားသွားရမှာပါ‌‌နော်။ဒီဇာတ်ကားကြီးက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ပုံဖော်ထားပြီး အရမ်းမာနကြီးတဲ့မိန်းမတစ်‌ယောက်နဲ့ ရိုးရှင်းအေးဆေးတဲ့မိန်းကလေးတို့နှစ်ယောက်ကြားက မတူညီတဲ့အချစ်တွေကို လှလှပပလေးဖန်တီးပြသွားတာဖြစ်ပါတယ်။

Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး

မြင့်မြတ်ရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကလည်း ရွှေမှုံနဲ့တွေ့တဲ့အချိန်မှာ အချစ်အဓိပ္ပါယ်ကိုဖော်ဆောင်တဲ့မျက်လုံးအကြည့်တွေက အရမ်းနှစ်လိုဖွယ်ရှိပြီး ခင်ဝင့်ဝါနဲ့တွေ့တဲ့အချိန်မှာ ပီပီပြင်ပြင်ပြောင်းလဲသွားတဲ့အချစ်ရဲ့အဓိပ္ပါယ်‌တွေကို ထိထိရှရှခံစားမိမှာပါနော်။နောက်ဆုံးမှာတော့ ဘယ်တစ်ယောက်ကို ဘယ်လိုအချစ်မျိုးတွေနဲ့ချစ်သွားမလဲဆိုတာ‌ကိုတော့ ချစ်ပရိသတ်ကြီးက ပိတ်ကားထက်မှာ သွားရောက်ကြည့်ရှု့ကြပါနော်။

Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး

Photo Credit:မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး

Commercial Article 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။