ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့အပြင် အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင်မြင်စွာရပ်တည်နေနိုင်သူလေးကတော့အကယ်ဒမီခိုင်သင်းကြည်ပါ။ သူမဟာ ပွင့်ပွင့်လင်းလင်းနဲ့ပျော်ပျော်နေတတ်တဲ့အတွက် ပရိတ်သတ်တွေသာမက အနုပညာရှင်အချင်းချင်းပါလေးစားချစ်ခင်ရတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ ခိုင်သင်းကြည်ဟာ လတ်တလောတွင်ရုပ်ရှင်ကားကြီးများလည်းရိုက်ကူးနေပြီး The Mask Singerဆိုတဲ့ variety showတစ်ခုမှာလည်း ဒိုင်တစ်ယောက်အနေနဲ့ပါဝင်နေတာပဲဖြစ်ပါတယ်။
မကြာသေးမီက ခိုင်သင်းကြည်ဟာသူမရဲ့facebookစာမျက်နှာတွင် The Mask Singer Myanmarပွဲကပုံရိပ်လေးတွေကိုတင်ပေးလာပါတယ်။ သူမဝတ်ဆင်ထားတဲ့ဂါဝန်လေးကို ဒီဇိုင်နာမေမြတ်ဝါဆိုချုပ်ပေးထားတာဖြစ်ပြီး အင်မတန်ကိုလှလွန်းပါတယ်နော်။ ခိုင်သင်းကြည်ဟာ အဝါရောင်ဂါဝန်လေးကိုဝတ်ဆင်ထားပြီး ဆယ်ကျော်သက်မမတွေငိုသွားလောက်အောင်ကိုအရွယ်တင်နုပျိုလွန်းနေတာပါ။
ခိုင်သင်းကြည်ဟာပရိတ်သတ်တွေအတွက် အမြဲကြိုးစားနေတာဖြစ်ပြီး ရုပ်ရှင်ကားကြီးများလည်းအဆက်မပြတ်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ခိုင်သင်းကြည်ကိုပိုချစ်ပေးကြမယ်မလား။ အရွယ်တင်နုပျိုလှပနေတဲ့ခိုင်သင်းကြည်ရဲ့ပုံရိပ်လှလှလေးတွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။
Source-Khine Thin Kyi's Facebook
Photo Credit-Khine Thin Kyi's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။