ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့ရက်ပိုင်းက ပရိသတ်တွေနဲ့ လူမှုကွန်ယက်ကြား ရေပန်းစားလူပြောများနေတဲ့ စကားပုံတွေကို စုစည်းသီဆိုထားတဲ့ “အရိပ်ပြအကောင်ထင်” သီချင်းလေးကိုတော့ ပရိသတ်တွေ အားလုံးပဲ နားဆင်ပြီးသားဖြစ်မှာပါနော်..။

အဆိုတော်ဝတ်ရည်သီဆိုထားပြီး တေးရေးဖိုးတုရေးသားထားတဲ့ “အရိပ်ပြအကောင်ထင်” သီချင်းလေးကတော့ စကားပုံတွေကိုစုပြီး သီဆိုထားတာမို့ အသစ်အဆန်းလေးဖြစ်ကာ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာစွဲထင်ကာ လူကြိုက်များနေတာပဲ ဖြစ်ပါတယ်..။


Photo Credit - Witt Yee’s Facebook
Photo Credit - Witt Yee’s Facebook

ကြိုက်နှစ်သက် သဘောကျတဲ့ ပရိသတ်တွေရှိသလို ဝေဖန်မှုတွေလည်း ရှိတဲ့ “အရိပ်ပြအကောင်ထင်” သီချင်းလေးနဲ့ ပတ်သက်ပြီးတော့လည်း အဆိုတော်ဝတ်ရည်က သီချင်း MTV လေးရိုက်ဖြစ်သွားတဲ့အကြောင်း ပရိသတ်တွေကို ပြောပြလာပါတယ်..။

ပြီးခဲ့တဲ့ (၅)ရက်နေ့ကမှ အွန်လိုင်းပေါ်တင်လိုက်တာဖြစ်ပြီး သီချင်းလေးပေါက်နေတဲ့အကြောင်းကို ပရိသတ်တွေနဲ့ သူငယ်ချင်းတွေက လာပြောမှာ သိခဲ့ရသလို စကားပုံတွေ အားလုံးပေါင်းပြီး သီချင်း လုပ်ထားပေမယ့် key ဝင်အောင် ဆိုရတာနဲ့ သီချင်းဖြစ်အောင် ရေးထားရတာ မလွယ်ပါဘူးဆိုပြီးတော့လည်း ဝတ်ရည်က ပြောပြထားတာပါနော်..။

Photo Credit - Witt Yee’s Facebook
Photo Credit - Witt Yee’s Facebook

သူမရဲ့လက်ထဲမှာပဲ (၁)နှစ်ရှိပြီဖြစ်တဲ့ "အရိပ်ပြအကောင်ထင်" သီချင်းလေးကို လိုင်းပေါ်လည်း မတင်ဖြစ်ဘဲ အခြားသီချင်းတွေကိုပဲ MTV ရိုက်ကာ တစ်ပုဒ်ပြီးတစ်ပုဒ် တင်ဖြစ်ပေမယ့် ဒီသီချင်းလေးကိုတော့ ဘာဖြစ်လို့ မတင်ဖြစ်မှန်း ကိုယ့်ကိုကိုယ်လည်း မသိဘူးဆိုပြီးတော့လည်း ဝတ်ရည်က ပြောပြထားပါသေးတယ်..။

ပြီးခဲ့တဲ့တစ်ပတ်လောက်ကမှ MTV ရိုက်ဖြစ်တာဖြစ်ပြီး သီချင်းက စကားပုံသီချင်းလေးဖြစ်တော့ မင်းသားနဲ့လည်း သရုပ်ဆောင်လို့မရသလို မင်းသမီးနဲ့လည်း သရုပ်ဆောင်လို့မရတာမို့ ဘယ်လိုသရုပ်ဆောင်ရမှန်းမသိတဲ့အချိန်မှာ သူမကပဲ ဒါရိုက်တာလုပ်ကာ အပျော်သဘောနဲ့ ပြေးတဲ့ပုံလေးတွေ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ အပျော်လေးတွေပဲ ရိုက်ဖြစ်သွားတာဖြစ်ပါဆိုပြီး အမှတ်တရလေးတွေကို ပြောပြထားတဲ့ ဝတ်ရည်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Witt Yee’s Facebook
Photo Credit - Witt Yee’s Facebook

Photo Credit - Witt Yee’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။