MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ကိုဒီနေ့ ညနေ သုံးနာရီခွဲ၊ မန္တလာသီရိကွင်းမှာISPEအသင်းနဲ့ရှမ်းယူနိုက်တက်အသင်းတို့အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြပါတယ်။ ပွဲဦးထွက်ပွဲစဉ်တွင်ဧည့်သည်ရှမ်းယူနိုက်တက်အသင်းက အိမ်ရှင် ISPE အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၆၂ မိနစ်တွင် ကိတ်စ်မှ သွင်းယူပေးခဲ့ပါတယ်။ ISPE အသင်းသည် လာမည့် ဇန်နဝါရီ ၁၉ ရက်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် အဝေး ကွင်း ကစားရမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းသည် လာမည့် ဇန်နဝါရီ ၁၈ ရက်တွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် အဝေးကွင်း သွားရောက်ကစားရမှာလည်းဖြစ်ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ယင်းပွဲစဉ်အတွက် ကွင်းဝင်ကြေးအခမဲ့အဖြစ် သတ်မှတ်ထားပြီး ဒီပွဲစဉ်ကို My Sports Page က တိုက်ရိုက်ပြသနေတာလည်းဖြစ်ပါတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ အဖွင့်ပွဲစဉ်မှာ ပထမဦးဆုံးပွဲစဉ်ဖြစ်တဲ့ ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ရဲ့ ပွဲရလဒ်ကိုတင်ပြရင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar National League

Source - Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။