ပရိသတ်ကြီးအနေနဲ့ စိတ်ခံစားချက်တွေ၊ တွေးတောမှုတွေများလာပြီး မကြာခဏဆိုသလို စိတ်တွေ ဟိုရောက်ဒီရောက် ဖြစ်နေမယ်ဆိုရင် သတိထားဖို့ လိုအပ်လာပါပြီ။ အဲ့လိုအဖြစ်များပါက စိတ်ကစဉ့်ကလျား ရောဂါဝေဒနာ ခံစားနေရတယ်လို့တောင် ပြောလို့ရပါတယ်။ အဲ့လိုမျိုး ခံစားနေရတယ်ဆိုရင် ထင်ယောင်ထင်မှားဖြစ်တာတွေ၊ စကားပြောဆိုတဲ့အခါမှာ အဆီအငေါ်မတည့်တာတွေ ဖြစ်တတ်တာကြောင့် လူမှုရေးကိစ္စနှင့် လုပ်ငန်းကိုင်ခန်းတွေမှာ ပြဿနာများစွာ ကြုံတွေ့နိုင်ပါတယ်။

Photo credit pngtree

ဒါကြောင့်မလို့ စိတ် မငြိမ်မသက်ဖြစ်တာမျိုး၊ စိတ်ဂဏာမငြိမ်ဖြစ်တာမျိုးကို အထူးဂရုစိုက်ရမှာပါ။ အဲ့လို ဂရုစိုက်နိုင်ဖို့က ဘယ်လိုကိစ္စတွေ၊ ဘယ်လိုအဖြစ်အပျက်မျိုးတွေက မိမိရဲ့ စိတ်ကို ဒုက္ခပေး နှောင့်ယှက်နေသလဲဆိုတာ အရင်ဆုံး သိဖို့ လိုအပ်ပါတယ်။ ငယ်စဉ်ဘဝက မေ့ဖျောက်ဖို့ မလွယ်ကူတဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ကို မငြိမ်မသက်ဖြစ်စေပြီး၊ အချို့မွေးရာပါ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာ ရှိတဲ့သူတွေမှာလည်း တွေ့ရတတ်ပါတယ်။

Photo credit pngtree

အရက်သေစာ အလွန်အကျွံ့သုံးစွဲတာတို့၊ အလုပ် stress တွေ ပိတိတဲ့အခါမှာလည်း စိတ်တွေ တည်ငြိမ်မှုမရှိဘဲ မငြိမ်မသက်ဖြစ်ကာ ဂဏာမငြိမ်ဖြစ်စေပါတယ်။ ၂၁ရာစုခေတ်ကြီးထဲမှာ အထူးအဆန်း စိတ်ဝင်စားစရာ ပစ္စည်းတွေ ပေါများလာတာနဲ့ အမျှ လူတွေဲ့ လိုချင်တပ်မက်မှု စိတ်တွေဟာလည်း မရောင့်ရဲနိုင် အတောမသတ်နိုင်တဲ့ အဖြစ်မျိုးတွေ ရှိလာပါတယ်။ တစ်ခါတစ်လေဆို မိမိ အမှန်တစ်ကယ်ဖြစ်ချင်တဲ့ အရာကိုတောင် မေ့နေတတ်ပြီး စိတ်တွေ ဝေဝါစားစရာ ကိစ္စပေါင်း သောင်းခြောက်ထောင်မှာ လမ်းပျောက်နေတတ်ပါတယ်။ စိတ်ဟာ အရာခပ်သိမ်းရဲ့ ပင်မထိန်းချုပ်ခန်းကြီးဖြစ်တာမလို့ အမြဲတည်ငြိမ်နေဖို့ လေ့ကျင့်အားထုတ်နေမှာသာလျှင် ဂဏာမငြိမ်ဖြစ်တာတွေ လုံးဝအုတ်သုန် ရှင်းလင်းသွားမှာဖြစ်ပြီး မိမိ မျှော်မှန်းရာ ဘဝပန်းတိုင်သို့ လျှောက်လှမ်းနိုင်မှာ ဧကန်မလွဲပင်ဖြစ်ပါတယ်။

Photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့် တစ်စုံတစ်ဦးမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် အကြံဉာဏ်ပေး ဖော်ပြလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။