ရန်ကုန်ယူနိုက်တက်အသင်းဟာ လာမည့် ဇန်နဝါရီလ ၁၂ ရက်နေ့၊ တနင်္ဂနွေနေ့တွင် ချင်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက် အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။ချင်းယူနိုက်တက်အသင်းသည် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ်-၂ တွင် ချန်ပီယံဆု ရရှိခဲ့ပြီး တန်းတက်လာသည့် အသင်းဖြစ်ပါတယ်။

photo credit: yangon united fc's facebook
photo credit: yangon united fc's facebook

ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်လူမောင်မောင်ဝင်းကတော့ အဖွင့်ပွဲဆိုတဲ့အတွက် မဖြစ်မနေအနိုင်နဲ့ ဖွင့်ချင်တဲ့အတွက် သေချာယှဉ်ပြိုင်သွားပါမယ်။ Charity Cup ပွဲမှာရှုံးခဲ့တာဖြစ်တဲ့အတွက် လာမယ့်ပွဲကို အနိုင်ကစားသွားပါမယ်။ ဒါ့ကြောင့်အသင်းသားတွေအားလုံး ဆုံး ပြင်ဆင်ထားပါတယ်။ ပြင်ဆင်မှုတွေကို အတော်လေးလည်း အားရပါတယ်။ အားလုံးလည်း ဒီပွဲအတွက် အားရုံစူးစိုက်ထားတာ ဖြစ်တဲ့အတွက် နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

photo credit: yangon united fc's facebook
photo credit: yangon united fc's facebook

“အသင်းနဲ့ အံ့ဝင်ဖို့အတွက် အကောင်းဆုံးကြိုးစားနေပါတယ်။ နည်းပြဆရာတွေရဲ့ သွန်သင်ဆုံးမမှုတွေကို သေချာလိုက်နာတယ်။ အသင်းနဲ့အမြန်ဆုံး အထိုင်ကျအောင် ကျွန်တော့်ဘက်က သေချာလေ့ကျင့်ပြီးကြိုးစားနေပါတယ်။ ချင်းယူနိုက်တက်က မြန်မာနေရှင်နယ်လိဂ်-၂ မှာ ချန်ပီယံဖြစ်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပေါ့ပေါ့တန်တန်တော့ ကစားမှာ မဟုတ်ပါဘူး။ သူတို့ဘက်ကလည်း သေချာပြင်ဆင်လာမယ်ဆိုတာ ယုံကြည်ပါတယ်။” ဆိုပြီးပြောထားခဲ့ပါတယ်။

source: yangon united fc's facebook 

photo credit: yangon united fc's facebook
photo credit: yangon united fc's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။