ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် စမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ တစ်ခေတ်တစ်ခါက အနုပညာလောကတွင် အောင်မြင်မှုတွေများစွာရရှိထားတဲ့ မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။ ယနေ့ချိန်ထိလည်း အနုပညာအလုပ်တွေလုပ်ကိုင်လျက်ရှိ့ပီး အားလပ်ချိန်များကိုလည်း မိသားစုနဲ့အချိန်ကုန်ဆုံးလေ့ရှိသူပါ။ 

Photo Credit- Smile’s Facebook
Photo Credit- Smile’s Facebook
Photo Credit- Smile’s Facebook

ဒီနေ့ကတော့ စမိုင်းရဲ့အချစ်ရဆုံးသမီးကြီး ရဲ့(၁၅)နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မနေ့ညကလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် အမှတ်တရပုံရိပ်လေးတွေနဲ့ မွေးနေ့ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။ " Happy 15th birthday Portia

လိမ္မာသိတတ်တဲ့သမီးကြီး ...

ခုထိမိဘအပေါ်ကလေးလေးလိုချွဲတတ်နေသောကလေးလေး ( needy ကြီး ) ...

ညီမလေးကိုအမေတစ်ယောက်လို ဂရုစိုက် ပြောဆိုဆုံးမပေးတတ်တဲ့မမ...

အမေ့စိတ်ကိုအသိဆုံးသမီးကြီး အရမ်းချစ်တယ် ..

Photo Credit- Smile’s Facebook
Photo Credit- Smile’s Facebook
Photo Credit- Smile’s Facebook

ပိုက်ဆံတန်ဖိုးကိုသိအောင်ကြိုးစားရမယ် မေမေတို့ကလွယ်လွယ်ချမ်းသာခဲ့တာမဟုတ်ဘူး ရုန်းကန်ခဲ့ရတာ .. သမီးလေးတန်ဖိုးကိုနားလည်ရမယ်..

လူတွေကိုကိုယ်ချင်းစာစိတ်လေးထားပြီး ကြင်နာတတ်ရမယ် ..

ရီးစားရှာမယ်ဆိုလည်း ဒယ်ဒီလိုငတုံးအဲလေ အရမ်းချစ်တတ်တဲ့သူပဲရှာတွေ့ပါစေ

Love you baby " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - Smile’s Facebook Page

Photo Credit- Smile’s Facebook
Photo Credit- Smile’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။