ရာသီခြေစမ်းပွဲစဉ်ကို ဇန်နဝါရီ လ ၁၁ရက် မနက်ပိုင်းက ကျိုက္ကစံ အားကစားကွင်းမှာ ရှမ်းယူနိုက်တက်ယူ-၂၁အသင်းနှင့် ဧရာဝတီယူနိုက်တက်ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ယင်းပွဲစဉ် မှာလည်း ရှမ်းယူနိုက်တက်ယူ-၂၁အသင်းက ဧရာဝတီယူနိုက်တက် ယူ-၂၁အသင်းကို (၄ - ၁ )ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC

ရှမ်းယူနိုက်တက်အသင်းရဲ့ အဖွင့်ဂိုးကိုတော့ ပွဲချိန်၇ မိနစ်မှာ ရဲဇော်ထက်က သွင်းယူပေးခဲ့ပါတယ်။ နောက်ထပ် ဂိုးကို ပွဲချိန်၁၇ မိနစ် နှင့် ၃ဝ မိနစ်တွေ မှာ ကိုကိုက သွင်းယူပေး ခဲ့ပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာ ဇော်ထက်အောင်က လေးဂိုးမြောက် ဂိုးကိုသွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာ (၄-ဝ)ဂိုးဖြစ် သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC

ဒုတိယပိုင်းမှာတော့ ဧရာဝတီယူနိုက်တက်အသင်းရဲ့ ခြေပဂိုးကို ပွဲချိန် ၇၃ မိနစ်မှာ အံအောင်မွန်က ပြန်လည်သွင်းယူပေးနိုင်ခဲ့ပြီ ပွဲပြီးဆုံးချိန်မှာတော့ ရှမ်းယူနိုက်တက် ယူ-၂၁အသင်းက ဧရာဝတီယူနိုက်တက် ယူ-၂၁ အသင်းကို (၄-၁)ဂိုးဖြစ်အနိုင်ရရှိခဲ့ပါတယ်။ ရှမ်းယူနိုက်တက်အသင်းကတော့ ယခုရာသီမှာလည်း ပရိသတ်တွေအတွက် အကောင်းဆုံးစိတ်ကျေနပ်မှုတွေ ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။

Photo Credit - Shan United FC

Source -Shan United FC 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။