သရုပ်ဆောင်မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာ ရိုက်ကူးခဲ့ရသူလေး ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာတော့ သဉ္ဇာနွယ်ဝင်းက အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်တော့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် သဉ္ဇာနွယ်ဝင်းက သားလေးတစ်ယောက်အပြင် ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း ထပ်မံမွေးဖွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit- Thinzar Nwe Win's FB
Photo Credit- Thinzar Nwe Win's FB
Photo Credit- Thinzar Nwe Win's FB

သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ သဉ္ဇာနွယ်ဝင်းကိုတော့ ပရိသတ်တွေကအားကျနေရတာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးက ချစ်ရတဲ့သားနဲ့သမီးကြောင့် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးပျော်ရွှင်နေရတာလည်း ဖြစ်ပါတယ်။ အခုလည်း သဉ္ဇာနွယ်ဝင်းက မနက်စောစောထပြီးဆော့နေတဲ့ သားလေးကြောင့် ကောင်းကောင်းမအိပ်ရပေမယ့်လည်း ကြည်နူးနေရတဲ့ သူမရဲ့အပျော်လေးတွေကို မျှဝေပေးထားပါတယ်။

Photo Credit- Thinzar Nwe Win's FB
Photo Credit- Thinzar Nwe Win's FB
Photo Credit- Thinzar Nwe Win's FB

သဉ္ဇာနွယ်ဝင်းက '' ဒီကလေးနှစ်ယောက်နဲ့တော့ပါပါးမာမား အိပ်ကိုမအိပ်ရဘူး စောစောစီးစီး ထနေကြတယ်'' ဆိုပြီး ပုံလေးတွေနဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ သဉ္ဇာနွယ်ဝင်းရဲ့သား Peach လေးက သူ့ညီမလေးကိုဖက်လိုက်၊ ဖေဖေ့ကိုချွဲလိုက်နဲ့ ပျော်ရွှင်နေတာလေးကလည်း အရမ်းချစ်ဖို့ကောင်းနေတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သဉ္ဇာနွယ်ဝင်းတို့မိသားစုရဲ့ချစ်စရာပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Thinzar Nwe Win's FB

Photo & Video Credit- Thinzar Nwe Win's FB

Photo Credit- Thinzar Nwe Win's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။