အဆိုတော်တစ်ဦးအဖြစ်ရော သရုပ်ဆောင်တစ်ဦးအဖြစ်ပါ အောင်မြင်မှုသရဖူဆောင်းနေသူလေးကတော့ ပရိသတ်အချစ်တော်ဝိုင်းစုခိုင်သိန်းပဲ ဖြစ်ပါတယ်။ သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ ဝိုင်းစုက တစ်ကိုယ်တော်အခွေတွေထွက်ရှိပြီး အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဝိုင်းစုက သရုပ်ဆောင်ပိုင်းထက် အဆိုပိုင်းကိုသာ ပိုမိုဦးစားပေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit- Wyne Su Khaing Thein's FB
Photo Credit- Wyne Su Khaing Thein's FB
Photo Credit- Wyne Su Khaing Thein's FB

လက်ရှိမှာတော့ ဝိုင်းစုခိုင်သိန်းက ရှိုးပွဲတွေနဲ့ ပွဲအခမ်းအနားတော်တော်များများမှာ ဆက်တိုက်ဆိုသလို ပါဝင်ဖျော်ဖြေနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝိုင်းစုက သူမချစ်ရတဲ့အောင်လနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူဘဝလေးကိုလည်း ရရှိထားပြန်တာ ဖြစ်ပါတယ်။ အခုတော့ ဝိုင်းစုက ချစ်သူနဲ့အတူ ငွေဆောင်ကမ်းခြေကို ပျော်ပျော်ပါးပါး ခရီးထွက်ခဲ့စဉ်တုန်းက ပုံရိပ်လေးတွေကို မျှဝေပေးထားပါတယ်။

Photo Credit- Wyne Su Khaing Thein's FB
Photo Credit- Wyne Su Khaing Thein's FB
Photo Credit- Wyne Su Khaing Thein's FB

ကမ်းခြေမှာ အလန်းစားဖက်ရှင်နဲ့ အပီအပြင်ပို့စ်ပေးထားတဲ့ ဝိုင်းစုကတော့ မြင်သူငေးရလောက်အောင် အရမ်းလှနေတာ ဖြစ်ပါတယ်။ ဝိုင်းစုက '' ငွေဆောင် တစ်ခါမှမရောက်ဖူးလို့ သွားလည်ကြည့်တာ'' ဆိုပြီး ကမ်းခြေထက်က ရင်ခုန်ချင်စရာ အလှပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်၊မင်းသမီးချောလေး ဝိုင်းစုခိုင်သိန်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Wyne Su Khaing Thein's FB

Photo Credit- Wyne Su Khaing Thein's FB
Photo Credit- Wyne Su Khaing Thein's FB
Photo Credit- Wyne Su Khaing Thein's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။