ကျောက်တိုင်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဧရာဝတီယူနိုက်တက်အသင်းနဲ့ မကွေးအက်ဖ်စီအသင်းတို့ ပွဲစဉ်က ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်နဲ့ ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ပွဲဦးထွက် သရေတစ်မှတ်စီနဲ့သာ ကျေနပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

photo credit :MNL ' s facebook
photo credit :MNL ' s facebook

အိမ်ရှင် ဧရာဝတီယူနိုက်တက်အသင်းရော ဧည့်သည်မကွေးအက်ဖ်စီအသင်းပါ ဒုတိယပိုင်းမှာ အပိုင်အခွင့် တွေ ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိလို့ ဂိုးမရှိရလဒ် ထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ ဧရာဝတီယူနိုက်တက်အသင်းနဲ့ မကွေးအက်ဖ်စီအသင်းတို့ပွဲဟာ မြန်မာနေရှင်နယ်လိဒ်အမှတ်ပေးဖလားရဲ့ ဒုတိယမြောက်ပွဲပဲ ဖြစ်ပါတယ်။

photo credit :MNL ' s facebook
photo credit :MNL ' s facebook

ဇွဲကပင် ယူနိုက်တက် အသင်းနဲ့ ရတနာပုံ အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ နှစ်သင်းစလုံးက ကစားသမား အစုံအလင်နဲ့ ပွဲထုတ်လာခဲ့ကြပါတယ်။ပွဲအပြီးမှာတော့ ရတနာပုံအသင်းက ဇွဲကပင် ယူနိုက်တက် အသင်းကို ဝင်းနိုင်စိုး၊ မျိုးကိုထွန်း တို့ရဲ့သွင်းဂိုးတွေကြောင့် (၀-၂)ဂိုးနဲ့ အနိင်ရခဲ့ပါတယ်။

source:MNL ' s facebook 

photo credit :MNL ' s facebook
photo credit :MNL ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။