"Cooking for You" အစီအစဉ်ကနေ Fine Dining ပုံစံ ပြုလုပ်ထားတဲ့ New Year Style BBQ ကြက်သားဟင်းလျာ ချက်ပြုတ်နည်းလေးကို ဗီဒီယိုဖိုင်လေးနဲ့တကွ တင်ဆက် ပြသပေးသွားမှာ ဖြစ်ပါတယ်။ ထူးခြားတာက ကြက်သားကို grill လုပ်ပြီးမှ ပုံစံစားနေကျ sauceနဲ့ မဟုတ်ပဲနဲ့ စပစ်သီးနဲ့ လုပ်တဲ့ sauce လေးနဲ့ အရသာရော၊ အမြင်ရောထူးခြားအောင် ချက်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး ချက်မယ့်ဒယ်အိုးထဲကို ဆီ၊ ကြက်သွန်နီ၊ စပျစ်သီး၊ ပဲငံပြာရည်၊ ခရမ်းချဉ်သီးအနှစ်၊ ရှာလကာရည်၊ ငရုပ်သီးမှုန့်၊ ဆား အနည်ငယ်ထည့်ပြီး စပျစ်သီး sauce ပြုလုပ်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့် အနေနဲ့ ဆီ၊ ကြက်သွန်ဖြူ၊ ရွှေဖရုံသီး၊ ဆား၊ ရေ၊ ထောပတ်အနည်းငယ် ထည့်ပြီး ဆီသတ်ရမှာပါ။

နောက်ဆုံးဆင့် အနေနဲ့ ကြက်သားကို မီးအနည်းငယ်ပြပြီး ကင်ရပါမယ်။ ပြီးရင်တော့ ချက်ရမယ့် ဒယ်အိုးထဲကို ဆီထည့်ပါ၊ ထောပတ်ထည့်ပါ၊ Rose Mary အရွက်ထည့်ပါ၊ ကြက်သွန်ဖြူထည့်ပါ၊ ကြက်သားထည့်ပြီး ကျတ်တဲ့ထိ ချက်ရမှာ ဖြစ်ပါတယ်။ မိမိစားချင်တဲ့ အသီးအရွက်စုံကို ထည့်ချက်မယ်ဆိုရင် ပိုပြီး စားကောင်းမှာပါ အစာတစ်လိုင်း ဘော်ဒါတို့ရေ.....။ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။