ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသမီးကြီးစိုးမြတ်သူဇာကတော့ တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာလောကမှာ ထွန်းတောက်အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ သာမန်ထက်ထူးခြားတဲ့ အလှစစ်တွေကို ပိုင်ဆိုင်ထားတဲ့ စိုးမြတ်သူဇာက ယနေ့ချိန်အထိ အစွမ်းကုန်လှသွေးကြွယ်နေဆဲ ဖြစ်ပါတယ်။ စိုးမြတ်သူဇာက နှစ်တွေဘယ်လိုပြောင်းပြောင်း မပြောင်းလဲတဲ့အလှတရားတွေနဲ့ အရွယ်တင်နုပျိုနေတာ ဖြစ်ပါတယ်။

Photo Credit- Amazing Grace
Photo Credit- မင်းသမီးပိုးထည်တိုက် FB Page
Photo Credit- Amazing Grace

လက်ရှိမှာတော့ စိုးမြတ်သူဇာက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ပုံမှန်ရိုက်ကူးနေပြီး ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် စိုးမြတ်သူဇာက စိုးညီအစ်မတွေနဲ့အတူ ''မင်းသမီး ပိုးထည်တိုက်'' လေးမှာ ဦးစီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အခုလည်း စိုးမြတ်သူဇာက မင်းသမီးပိုးထည်တိုက်က အနီရောင်ဝတ်စုံလေးနဲ့ ရဲရဲတောက်လှသွေးကြွယ်နေပြီး အရမ်းကိုကျက်သရေရှိနေတာ ဖြစ်ပါတယ်။

Photo Credit- Amazing Grace
Photo Credit- Amazing Grace
Photo Credit- Soe Kyi Phyi's FB

လူငယ်တွေလိုက်မမှီနိုင်လောက်အောင် လှနေတဲ့ စိုးမြတ်သူဇာက မင်းသမီးချောလေးတွေနဲ့အတူ အမိုက်စားပုံရိပ်တွေကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေစွာ နေထိုင်တတ်တဲ့ စိုးမြတ်သူဇာကိုတော့ ပရိသတ်တွေက အသည်းစွဲအောင်ကြွေနေရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော စိုးမြတ်သူဇာရဲ့အလှပုံရိပ် အသစ်စက်စက်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Soe Kyi Phyi's FB & မင်းသမီးပိုးထည်တိုက် FB Page

Photo Credit- Amazing Grace & Soe Kyi Phyi's FB 

Photo Credit- Soe Kyi Phyi's FB
Photo Credit- Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။