ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဇွဲကပင်ယူနိုက်တက် အသင်းနဲ့ ရတနာပုံ အသင်းတို့ရဲ့ MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁ ပွဲစဉ်မှာ ရတနာပုံ အသင်းက ဇွဲကပင် ယူနိုက်တက် အသင်းယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ရတနာပုံအသင်းက ပွဲချိန် ၂၃ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ ဝင်းနိုင်စိုးရဲ့ ပင်နယ်တီဂိုးဖြင့် အဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာ (၁-ဝ)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ရတနာပုံအသင်းရဲ့ နောက်ထပ်ဂိုးကိုတော့ ပွဲချိန်၅၃ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ မျိုးကိုထွန်းရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် အနိုင်ရရှိပြီး အဖွင့်ပွဲစဉ်မှာ အနိုင် (၃)မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ယခုပွဲတွင် ရတနာပုံ အသင်းကတော့ အကောင်းခြေစွမ်းကောင်းတွေပြသထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ကဲ့ ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ မနေ့က ယှဉ်ပြိုင်ကစား ခဲ့တဲ့ ရတနာပုံအသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ ရဲ့ ပွဲစဉ်ကိုပြန်လည်တင်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar National League

Source -Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။