ပရိတ်သတ်တွေက မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ ရင့်ကျက်တည်ငြိမ်ပြီး မြင်သူတိုင်း အေးချမ်းစေမဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကို အမြဲတမ်း အချစ်တွေပိုစေတဲ့ သူလေးဖြစ်ပါတယ်။ သူမဟာ မိန်းကလေးဆန်ဆန် စွဲမက်ဖွယ်ကောင်းတဲ့ Body အမိုက်စားလေးကို ပိုင်ဆိုင်ထားသူလေး ဖြစ်တာကြောင့် မိန်းကလေးအများစုရဲ့ အားကျခြင်းကို ခံနေရသူလေးလည်းဖြစ်ပါတယ်။

Photo Credit: Amazing Grace
Photo Credit: Amazing Grace

သူမဟာ တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပြီး ယနေ့တိုင် အောင်မြင်မှုရရှိနေတဲ့သူလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း အဖြူရောင်ဖက်ရှင်လေးနဲ့ သွယ်လျလှပလွန်းတဲ့ အမိုက်စား ပုံရိပ်လေးတွေကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားပါတယ်။ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိလွန်းတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ ဖြစ်ပါတယ်။

Photo Credit: Amazing Grace
Photo Credit: Amazing Grace

သူမဟာ ပီပြင်တဲ့ သရုပ်ဆောင်မှုပါမက မြန်မာဆန်ဆန် အမြဲဝတ်တက်တဲ့ သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်ယဉ်လေး ဖက်ရှင်ကျမှုကြောင့်လည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်မာ ရထားသူလည်းဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ လိုက်ဖက်ပြီး ကျက်သရေရှိတဲ့ သူမရဲ့ဖက်ရှင်ကလည်း ပရိတ်သတ်တွေကို မရိုးရအောင် အမြဲဆွဲဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွက် မအေးသောင်းရဲ့  ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit: Amazing Grace
Photo Credit: Amazing Grace

Source: Aye Thaung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။