MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၁၂ ရက်(ယနေ့)ညနေ သုံးနာရီခွဲက YUSC ကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရန်ကုန်အသင်းမှ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ပွဲချိန် ၂၄ မိနစ်တွင် ရန်ကုန်အသင်းမှ ဦးဆောင်ဂိုးစတင်ရာခဲ့ပြီး လူငယ်တိုက်စစ်မှူး သန်းပိုင်မှ သွင်းယူပေးခဲ့ပါတယ်။ပထမပိုင်းပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ချင်းယူနိုက်တက်အသင်းမှ ချေပဂိုးရခဲ့ပြီး ကျော်မင်းသန်းက ပိတ်သွင်းယူပေးခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ဒုတိယပိုင်းတွင် ရန်ကုန်အသင်းမှ လူစားလဲမှုများပြုလုပ်ကာ အပြောင်းအလဲပြုလုပ်ခဲ့သော်လည်း ချင်းယူနိုက်တက်အသင်းဘက်သို့ ထိရောက်သည့် တိုက်စစ်ဆင် စစ်မှုမျိုးမရှိခဲ့ပေ။ ချင်းယူနိုက်တက်အသင်းသည် နောက်တန်းတွင် ကစားသမားငါးဦးအထိ ပိတ်ကစားခဲ့ပြီး တန်ပြန်တိုက်စစ်များဖြင့် ရန်ကုန်အသင်းကို ကစားခဲ့ ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ပွဲချိန် ၈၄ မိနစ်တွင် ရန်ကုန်အသင်းမှ ဒုတိယဂိုးရခဲ့ပြီး လူစားဝင်ရောက်လာခဲ့သည့် အီမန်နူရယ်မှ သွင်းယူပေးခဲ့ပါတယ်။လက်ကျန်မိနစ်များတွင် ချင်းအသင်းမှ ပြန်လည် ချေပဂိုးမသွင်းနိုင်ခဲ့ သည့်အတွက် ရန်ကုန်အသင်းမှ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ ယနေ့ပွဲတွင် ချင်းယူနိုက်တက်အသင်းကို ရန်ကုန်အသင်းကို ရှုံးခဲ့သော်လည်း အကောင်းဆုံးကစားပြသွားနိုင်ခဲ့ပါတယ်။ ချင်းအသင်းသည် လာမည့် ဇန်နဝါရီ ၁၇ ရက်၊ သုဝဏ္ဏကွင်းတွင် မကွေးအသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်ပြီး ရန်ကုန်အသင်းသည် လာမည့် ဇန်နဝါရီ ၁၉ ရက်၊ သုဝဏ္ဏကွင်းတွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်ပါတယ်။

Photo Credit - Myanmar National League

Source - Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။