မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး ရွှေအိမ်စည်ကတော့ ရုပ်ရည်လေးက ချောမောလှပသလို အနုပညာအရည်အချင်းတွေလည်း ပြည့်ဝသူလေးတစ်ယောက်ပါ။ ရွှေအိမ်စည့်ကိုတော့ ပရိသတ်တွေတော်တော်များများက အလှမယ်တစ်ဦးအဖြစ် စတင်အားပေးလာခဲ့ကြတာ ဖြစ်ပါတယ်။ သူမရဲ့အဆီပိုမရှိဘဲ ချပ်လျပ်လှပတဲ့ကိုယ်လုံးလေးနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ ဟန်ပန်အမူအရာတွေက ပရိသတ်တွေရဲ့နှလုံးသားကို သိမ်းပိုက်လာနိုင်ခဲ့တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB

ရိုက်ကူးရေးတွေ ဆက်တိုက်ပြုလုပ်နေရတဲ့ အိမ်စည်က ဇာတ်ကားတွေနဲ့ ကြော်ငြာတွေအများဆုံးရိုက်ကူးနေရတာ ဖြစ်ပါတယ်။ သူမရဲ့တစ်နေ့တာလှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမျှဝေပေးလေ့ရှိတဲ့ အိမ်စည်က အခုတော့ ပရိသတ်တွေအံ့အားသင့်သွားစေမယ့် ပုံလေးကိုတင်လိုက်တာ ဖြစ်ပါတယ်။ အိမ်စည်က ကောင်လေးတစ်ယောက်ကိုမှီပြီး ကြည်ကြည်နူးနူးရိုက်ထားတဲ့ပုံလေးကို မျှဝေလိုက်တာ ဖြစ်ပါတယ်။

Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB

အိမ်စည်က "My New Baby Boo'' ဆိုပြီး ကောင်လေးနဲ့ပုံလေးကိုချပြလိုက်ကာ ပရိသတ်တွေကို Suprise လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ပရိသတ်တွေက ဒီပုံလေးနဲ့ပတ်သက်ပြီး ထင်ကြေးတွေမျိုးစုံပေးနေကြပြီ ဖြစ်ပါတယ်။ ကဲ အိမ်စည်ကတော့ ပရိသတ်တွေကို စနောက်လိုက်တာလား တကယ်ပဲသူမရဲ့ချစ်သူကိုချပြလိုက်တာလားဆိုတာ ကြည့်ရှုဖို့ အိမ်စည့်ရဲ့ပုံလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Shwe Eain Si's FB

Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။