ပရိသတ်ကြီးရေ အလှူရေစက်လက်နဲ့မကွာဘဲ အမြဲတမ်းလှူဒါန်းနေတဲ့ စမိုင်းလ်တို့မိသားစုလေးကတော့ လူအများအားကျရတဲ့ဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။စမိုင်းလ်တို့မိသားစုလေးယောက်လုံးက စိတ်တူကိုယ်တူရှိကြပြီး အရမ်းစိတ်ထားဖြူစင်ကြတဲ့သူတွေဖြစ်လို့ လူချစ်လူခင်ပေါများတဲ့မိသားစုလေးပါနော်။စမိုင်းလ်တို့မိသားစုရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်ကြီးကစောင့်ကြည့်ပြီး အားပေးချစ်ခင်နေကြတာပါ။

Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page

၁၁.၁..၂၀၂၀(စနေနေ့)မှာဆိုရင် သမီးကြီးလေးပေါ်ရှာရဲ့မွေးနေ့လေးအတွက် ရွှေတိဂုံဘုရားပေါ်မှာ နေ့လည်တစ်နာရီကစတင်ပြီး ထမင်း၊ကြက်သားဟင်း၊အာလူးမွှေသစ်ဂျပိုးဟင်း၊သီးစုံပဲကုလားဟင်း၊ငပိကြော်တို့ကို လူအယောက်(၁၀၀၀)စာအတွက် စတုဒီသာကျွေး‌မွေးခဲ့တာဖြစ်လို့ အမွန်မြတ်ဆုံးအလှူလေးပါနော်။မေမေစမိုင်းလ်ကလည်း စိန်နားကပ်လေးကို သမီးကြီးလေးအတွက်လက်ဆောင်ပေးခဲ့ပါသေးတယ်။

Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page

ဒီနေ့လေးမှာဆိုရင်တော့ စမိုင်းလ်က အစစအရာရာကိုကိုယ်တိုင်ဦးဆောင်ပြီး လူအယောက်(၁၂၀၀)ကျော်နဲ့အတူ အဓိဌာန်ဝင်ကုသိုလ်ယူခဲ့တာဖြစ်ပါတယ်။စမိုင်းလ်ကတော့"ဘုန်းကြီးမဟုတ် ဘိုးတော်မဟုတ် သာမန်လူတစ်ယောက်ရဲ့ဦးဆောင်မှုနဲ့ လူပေါင်း ၁၂၀၀ကျော် ရန်ကုန်မြို့ကြီးမှာအဓိဌာန်ဝင်နိုင်ခဲ့တာအရမ်းကိုပီတိဖြစ်ရပါတယ်။ ပျော်လွန်းလို့ငိုပြီရှင်"ဆိုပြီးရေးသားထားကာ သူမရဲ့ တန်ဖိုးဖြတ်မရနိုင်တဲ့အလှူကြီးကြောင့် ပရိသတ်တွေကပါထပ်တူဝမ်းသာပီတိဖြစ်မိပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page
Photo Credit:စမိုင်းလ် Smile's Page

Photo Credit:စမိုင်းလ် Smile's Page

Source:စမိုင်းလ် Smile's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။