MPT Myanmar National League 2020 ပွဲစဉ်(၁) ပွဲစဉ်တစ်ပွဲဖြစ်သည့် ဆောက်သမ်းမြန်မာအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ပွဲစဉ်ကို ယနေ့ညနေက မော်လမြိုင်မြို့ ဆောက်သမ်းမြန်မာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ စစ်ကိုင်းယူနိုက်တက်အသင်းက ဆောက်သမ်းမြန်မာအသင်းကို ၃-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ပထမပိုင်းတွင်အကြိတ်အနယ်ယှဉ်ပြိုင်ကြရာ ပွဲချိန် ၁၄ မိနစ်တွင် စစ်ကိုင်းအသင်းမှသီဟဇော်ဖြတ်တင်ဘောကိုကျောနံပါတ်(၈)ကျော်စွာမင်း အပိုင်ခေါင်းတိုက်သွင်းသော်လည်း တိုင်ထိသွားခဲ့သဖြင့် ဦးဆောင်ဂိုးနှင့်လွဲချော်ခဲ့ရပါတယ်။ ဆောက်သမ်းအသင်းအတွက်ဦးဆောင်ဂိုးကို နံပါတ်(၂၀)အောင်မြတ်သူ က ၂၂မိနစ်တွင်သွင်းယူနိုင်ခဲ့ပါတယ်။စစ်ကိုင်းအသင်းအတွက် ချေပဂိုးကို ၄၂ မိနစ်တွင် နံပါတ်(၈)ကျော်စွာမင်းက ဖရီးကစ်မှ တိုက်ရိုက်သွင်းယူနိုင်ခဲ့ပြီးဒုတိယဂိုးကို နံပါတ်(၁၁)မျိုးမင်းဖြိုးက ၄၃မိနစ်တွင်ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

ဒုတိယပိုင်း ၅၃မိနစ်တွင် ဆောက်သမ်းအသင်းအတွက်ချေပဂိုးကို နံပါတ်(၁၀)ကောင်းစည်သူ ကသွင်းယူနိုင်ခဲ့သဖြင့်ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာခဲ့ပါတယ်။ပွဲချိန် ၆၉ မိနစ် တွင် စစ်ကိုင်းအသင်းအတွက်အနိုင်ဂိုးကို နံပါတ်(၈)ကျော်စွာမင်းက ထပ်မံသွင်းယူနိုင်ခဲ့သဖြင့်ဆောက်သမ်းအသင်းအရှုံးနှင့်သာရင်ဆိုင်ခဲ့ရပါတယ်။ဆောက်သမ်းမြန်မာအသင်းသည် လာမည့် ဇန်နဝါရီလ ၁၈ရက်နေ့တွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ဆောငက်သမ်းမြန်မာကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်အသင်းသည်လည်း လာမည့် ဇန်နဝါရီလ ၁၈ရက်နေ့တွင် ရတနာပုံအသင်းနှင့် မန္တလာသီရိကွင်းတွင် အသီးသီးယှဉ်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။

Photo Credit - Myanmar National League

Source - Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။