ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အနယ်လ် (Anal) လူဦးရေ နှစ်သောင်းသုံးထောင်သာ ပြောဆိုကြတဲ့ ကိုယ်ပိုင်ဘာသာစကား အကြောင်းကို ဗဟုသုတအနေနဲ့ မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ မဏိပူရနဲ့ မြန်မာနိုင်ငံ နယ်စပ်အတွင်းနေထိုင်ကြတဲ့ အဲ့လူမျိုးများဟာ အနယ်လ်ခေါ် နမ်ဖူ ဘာသာစကားကိုသာ ပြောဆိုကြပါတယ်။

photo credit WIKIPEDIA

အနယ်လ် လူမျိုးများ နေထိုင်ကြတဲ့ အဓိကရွာကြီး နှစ်ရွာတွင်သာ ပြောဆိုကြတာ ဖြစ်ပါတယ်။ အနယ်လ် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ် မူရင်း အရစ်အမြစ်ကို မသိရှိကြသော်လည်း (RD Angnal) ဟူသော အမည်မှ ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ တစ်ကယ့်ကို ရှေးခေတ်ဆန်ပြီး ထူးဆန်းသော ဘာသာစကားလို့ ဆိုရမှာပါ။

photo credit WIKIPEDIA

အချို့ကလည်း အနယ်လ် ဟူတဲ့ စကားလုံးဟာ သန့်စင်သော အဓိပ္ပာယ်ရတယ်လို့ ဆိုကြပါတယ်။အရှေ့မြောက် အိန္ဒိယ စွယ်စုံကျမ်းမှာတော့ မြန်မာတို့က အနယ်လ်ကို ခွန်(Khon) ဟုခေါ်ဆိုကြကြောင်း ဖော်ပြထားပါတယ်။ နောင်လည်း ထူးထူးခြားခြား ဘာသာစကားများအကြောင်းကို တင်ဆက်ပေးသွားမှာမလို့ ဆက်လက် စောင့်မျှော်အားပေးကြပါဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit WIKIPEDIA 

photo credit WIKIPEDIA
photo credit WIKIPEDIA

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။