တည်ကြည်ခန့်ညားပြီး ဖြူဖွေးဝင်းမွတ်တဲ့အသားအရည်ကြောင့် နှုတ်ခမ်းနီမလေးတွေ စွဲလမ်းနေရသူလေးကတော့ သရုပ်ဆောင် မင်းသားချောလေး နေတိုးပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်တွေများစွာတိုင်အောင် အောင်မြင်တဲ့ ထိပ်တန်းမင်းသားတစ်လက်အဖြစ်ယနေ့ထိတိုင်အောင် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ပါဝင်တဲ့ ဇာတ်ကားတိုင်းကိုလည်း ပီပြင်စွာ သရုပ်ဆောင် နိုင်မှုတို့ကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက် ဝန်းရံအားပေးမှုကို ရရှိထားတာပါ။

Photo Credit- Nay Toe’s Facebook
Photo Credit- Nay Toe’s Facebook
Photo Credit- Nay Toe’s Facebook
Photo Credit- Nay Toe’s Facebook

သူဟာ ပွဲအခမ်းအနားပေါင်းများစွာကိုလည်း တက်ရောက်နေရသူပါ။ လတ်တလောမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ " ချည် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကြတဲ့ ဇာတ်ကားကြီးတစ်ကားအဖြစ် ရပ်တည်နေတာပါ။ မနေ့ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ကြော်ငြာရိုက်ကွင်း ပုံရိပ်လေးတွေ ဝေမျှထားပါသေးတယ်။

Photo Credit- Nay Toe’s Facebook
Photo Credit- Nay Toe’s Facebook
Photo Credit- Nay Toe’s Facebook
Photo Credit- Nay Toe’s Facebook

အခုမှာလည်း မေမြင့်မိုရ်ရဲ့ Instagram လူမှုကွန်ယက်တွင် နှစ်ယောက်သားရှမ်းဝတ်စုံလေးတွေဝတ်ဆင်ကာ လိုက်ဖက်ညီလွန်းနေတဲ့ နေတိုးနဲ့မေမြင့်မိုရ်နဲ့ ပုံရိပ်လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပင်းတယတွင် လက်ဖက်ခြောက်ကြော်ငြာရိုက်ကူးနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ရပါတယ်နော်။

Photo Credit- Nay Toe’s Facebook and May Myint Mo’s Instagram

Photo Credit- Nay Toe’s Facebook
Photo Credit- May Myint Mo’s Instagram
Photo Credit- May Myint Mo’s Instagram
Photo Credit- May Myint Mo’s Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။