photo credit - Wykrhm Reddy

WePlay! Bukovel Minor 2020 ပြိုင်ပွဲကြီးကတော့ လက်ရှိအချိန်မှာ ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။

၎င်းပြိုင်ပွဲကြီးကတော့ ဇန်နဝါရီလ 9 ရက်နေ့ကနေ 12 ရက်နေ့ကျင်းပလာခဲ့တာဖြစ်ပြီး champion ဖြစ်တဲ့အသင်းဟာ ဆုကြေးငွေနဲ့အတူ DreamLeague Season 13 ကိုသွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။

၎င်းပြိုင်ပွဲကြီးရဲ့ main stage ပွဲစဉ်တွေကိုတော့ မနေ့က ယှဉ်ပြိုင်ကစားခဲ့ပြီး lower bracket ကနေ တသင်းပြီးတသင်းကို ရိုက်ချလာတဲ့ Nigma ဟာ Grand Fianls မှာ Royal Never Give Up ကို အနိုင်ယူပြီး Champion ဆုကြီးကိုရယူနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် Nigma ဟာ ဆုကြေးငွေ $72,000 , DPC points 140 တို့နဲ့အတူ DreamLeague Season 13 ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကျန်ရှိနေသေးတဲ့ slot တကွက်နေရာကို ရရှိခဲ့ပါတယ်။

Nigma အနေနဲ့လည်း Weplay! Bukovel Minor မှာ Tier 2 အသင်းတွေနဲ့သာ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး DreamLeague Season 13 မှာကြတော့ Tier 1 အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ Nigma ဘာတွေလုပ်ပြနိုင်ဦးမလဲဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါပဲ။ 

MLEsports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။