မော်ဒယ်၊ သရုပ်ဆောင် လုလုအောင်ကတော့ ပုရိသတွေရဲ့နှလုံးသားကို လှုပ်ကိုင်နိုင်စွမ်းရှိတဲ့ မိန်းမလှလေးတစ်ဦးအဖြစ် လူသိများအောင်မြင်နေတာပဲ ဖြစ်ပါတယ်။ Sexy ဆန်ဆန် ညို့အားပြင်းပြင်း အလှပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ လုလုအောင်က အားလုံးရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။ ကြော်ငြာတွေပါ ရိုက်ကူးနေရတဲ့ လုလုအောင်က အရင်ကထက်ပိုပြီး သွယ်လျလှပလာတာလည်း ဖြစ်ပါတယ်။

Photo Credit- Lulu aung's Facebook
Photo Credit- Lulu aung's Facebook
Photo Credit- Lulu aung's Facebook

သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ လုလုအောင်က Single Mother တစ်ဦးအဖြစ် ရပ်တည်နေတာဖြစ်ပြီး ကလေးတစ်ယောက်အမေလို့ မထင်ရလောက်အောင်ကို အရွယ်တင်နုပျိုနေတာ ဖြစ်ပါတယ်။ လုလုအောင်က တစ်နေ့တစ်မျိုးမရိုးနိုင်လောက်အောင် ပရိသတ်တွေအတွက် သူမရဲ့အလန်းစားပုံရိပ်လေးတွေကို မျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ လုလုအောင်က ကောက်ကြောင်းအလှတွေပေါ်လွင်နေလောက်အောင် Tik Tok ကစားထားတဲ့ဗီဒီယိုလေးကို တင်ထားပါတယ်။

Photo Credit- Lulu aung's Facebook
Photo Credit- Lulu aung's Facebook

ခန္ဓာကိုယ်လေးကို လှုပ်ခါပြီး အမိုက်စားကပြထားတဲ့ လုလုအောင်ကတော့ ပုရိသတွေရဲ့ ရင်ခုန်သံတွေကို အမြန်ဆုံးရောက်အောင် ဖမ်းစားလိုက်တာပဲဖြစ်ပါတယ်။ အဖြူရောင်ဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိလှနေတဲ့ လုလုအောင်ရဲ့ဗီဒီယိုလေးကတော့ အချိန်ခဏလေးအတွင်းမှာတင် ကြည့်ရှုသူတွေအများအပြားရရှိထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လုလုအောင်ရဲ့ အမိုက်စားဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Lulu aung's Facebook 

Photo Credit- Lulu aung's Facebook
Photo Credit- Lulu aung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။