ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ကျရာကာရိုက်တာတွေကို အကျွမ်းကျင်အပီပြင်ဆုံးဖြစ်အောင် သဘာဝကျကျသရုပ်ဆောင်လွန်းကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တွေထဲမှာ မင်းသမီးချောလေးဝတ်မှုံရွှေရည်ကတော့ ထိပ်တန်းက ရပ်တည်နေသူလေးလို့ ဆိုရမှာပါပဲနော်..။

အကယ်ဒမီထူးချွန်ဆုတွေအပြင် ပြည်ပကဂုဏ်ပြုပေးအပ်တဲ့ ဆုတွေကိုလည်း ရရှိထားတဲ့ ရွှေကစ်လေးကတော့ အာရှနိုင်ငံတွေမှာပါ အောင်မြင်ကျော်ကြားတဲ့ နိုင်ငံကျော်မင်းသမီးတစ်ဦးဆိုလည်း မမှားပါဘူးနော်..။


Photo By Myanmarload
Photo By Myanmarload

ချစ်ရတဲ့အသည်းကျော် ပရိသတ်တွေအတွက် သူမချစ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ရွှေကစ်လေးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အဆက်မပြတ်ရိုက်ကူးနေသလို အခမ်းအနားပွဲတော်တော်များများမှာ မပါမဖြစ် တက်ရောက်နေတာ အားလုံးပဲ မြင်တွေ့ကြမှာပါနော်..။

အခုတစ်ခါမှာလည်း ပရိသတ်အချစ်တော်လေးရွှေကစ်ဟာ “ရွှေနန်းတော်” ရတနာရွှေဆိုင်က ကျင်းပပြုလုပ်ခဲ့တဲ့ ကံစမ်းမဲဖောက်ပွဲ အခမ်းအနားလေးကိုလည်း ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ သူမရဲ့အလှတရားတွေနဲ့ အားလုံးရဲ့အမြင်အာရုံတွေကို ဖမ်းစားကာ တက်ရောက်လာခဲ့ပြန်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

သူမရဲ့ဖြူဝင်းတဲ့အသားအရေလေးနဲ့ ထင်ရှားပေါ်လွင်လိုက်ဖက်လွန်းတဲ့ အနက်ရောင်ဖက်ရှင်လေးကို ကျော့ကျော့မော့မော့လေး ဝတ်ဆင်ကာ မြင်သူတိုင်းကို လည်ပြန်ငေးမောသွားလောက်အောင် နတ်မိမယ်လေးတစ်ပါးလို့ ဖမ်းစားထားနိုင်ပါတယ်နော်..။

အသည်းကျော်လေးရွှေကစ်ကတော့ အခမ်းအနားပွဲလေးမှာလည်း ကံထူးသွားကြတဲ့ ပရိသတ်တွေအတွက် လက်ခုပ်လက်ဝါးတီးကာ ဝမ်းသာပျော်ရွှင်စွာအားပါးတရ ဂုဏ်ပြုရင်း ပျော်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေလည်း သဘောကျနေကြမှာမို့ တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။