အနုပညာအလုပ်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ဆယ်စုနှစ်တွေများစွာတိုင်အောင် ကြိုးစားလုပ်ကိုင်နေသူကတော့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ ချစ်ရတဲ့ သားနဲ့သမီးနဲ့အတူ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိူင်သူပါ။ Single Mother ဘဝနဲ့ ကလေးတွေကို လိုလေသေးမရှိအောင် ကြင်နာပြုစုစောင့်ရှောက်တဲ့ မိခင်ကောင်းတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ 

Photo Credit - Htin Thitsar's Facebook
Photo Credit - Htin Thitsar's Facebook
Photo Credit - Htin Thitsar's Facebook

သူမရဲ့ သားနဲ့ သမီးဖြစ်တဲ့ ဘုန်းမင်းနေလနဲ့ ထင်သစ္စာတို့ မောင်နှမနှစ်ယောက်ကလည်း မိခင်ဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်နေကြပြီပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာလည်း တက်သစ်စလေးတွေအနေနဲ့ အနုပညာလောကမှာ နာမည်ရလာတာကြောင့်လည်း မိခင်ဖြစ်သူက ကြည်နူးပီတိဖြစ်နေရတာပါ။ အခုမှာလည်း သားနဲ့ သမီးတို့နဲ့အတူ ကြော်ငြာလေးတစ်ခု ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ 

Photo Credit - Htin Thitsar's Facebook
Photo Credit - Htin Thitsar's Facebook
Photo Credit - Htin Thitsar's Facebook

ထင်သစ္စာရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ချစ်မေမေနဲ့အတူကြော်ငြာရိုက်ကွင်းလေးမှာခပ်မိုက်မိုက်အကြည့်လေးတွေနဲ့အပီဂေါ်နေတဲ့ Tik Tokကစားထားတဲ့ ဘုန်းမင်းနေလနဲ့ထင်သစ္စာတို့ရဲ့ Video လေး တင်ထားတာပဲ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ဟာလည်း ကလေးတွေနဲ့အတူ ပျော်ပျော်ပါးပါး ပါဝင်ကစားထားတာပါ။ ပရိသတ်တွေအတွက် ဒီ Tik Tok ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit - khin Zarchi Kyaw Zar's And Htin Thitsar's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။